Unicoad
မနက်9နာရီရုံးချိန်အတွင်း စက်တစ်ယောက် သူ၏အခန်းဒေါင့်ကခုံမှာရှိတဲ့ ဝသုန့်ကိုဆက်တိုက်ပင်စိုက်ကြည့်နေသည်။
ဝသုန်သည်စာကြည့်မျက်မှန်အားတတ်ထားပြီး laptopကိုနှိပ်ကာ လုပ်စရာရှိတဲ့အလုပ်များကိုလုပ်နေသည်။
စက်ရဲ့မျက်မှောင်တို့က ကျုံကျုံလာပြီး မနေ့က ပြတင်းပေါက် မှာမြင်ရတဲ့အခိုက်အတံ့တွေကြောင့်ဒေါသထွက်လာရသည်။
"ဝသုန်မိုး! ဒီခဏလာစမ်း"
ဝသုန်သည်စက်ခေါ်သည်ကြောင့်မလို့ စာကြည့်မျက်မှန်ကိုချွတ်ပြီးစားပွဲပေါ်ထားခဲ့ကာ စက်ရှေ့သို့လျှောက်လာခဲ့၏။ စက်ရဲ့မျက်နှာကိုမကြည့်ပေမယ့် စက်တစ်ခုခုကိုဒေါသထွက်နေတာ ဝသုန်သိသည်ကြောင့်မလို့
"ဝသုန်ဘာအမှားလုပ်မိလို့လဲ boss"
"မနက်စာ သွားဝယ်ပေး"
"ဟုတ်ကဲ့ boss မှာလိုက်ပါမယ်"
"ကိုယ်ပြောတာကို မင်းနားမလည်တာလား သွားဝယ်ပေးခိုင်းတာမှာခိုင်းတာမဟုတ်ဘူး"
ဆို၍ စက်သည့ဝသုန့်ရဲ့ငုံနေသောမျက်နှာလေးကိုစိုက်ကြည့်ပြီးပြောလေသည်။
"ဟုတ်ကဲ့ ကျနော်သွားလိုက်ပါမယ်boss"
ဆို၍ဝသုန်လဲအခန်းအပြင်သို့ထွက်သွားပေသည်။
*မနေ့က ဟိုကောင်နဲ့တုံးကကျတော့ပရော်ပရေနဲ့ ကိုယ့်ကျတော့ဒါလေးလုပ်ခိုင်းတာကို ခေါင်းက အောက်စိုက်မတတ်ငုံပြီး မျက်နှာလေးတောင်မော့မလာဘူး ကျစ်!! စကားပြောတာကလဲအေးစက်စက်နဲ့ *
တစ်အောင့်ကြာတော့ မနက်စာကိုသေချာပြင်ဆင်ပြီး ဝသုန်မိုးအခန်းထဲသို့ဝင်လာခဲ့သည်။
စက်ရှေ့စားပွဲမှာမနက်စာကိုချပေးပြီး"Boss စားလို့ရပါပြီ ကျနော်အလုပ်ပြန်လုပ်တော့မယ်"
ဤသို့ပြောပြီးထွက်သွားမည့် ဝသုန့်အား လက်ကိုလှမ်းဖမ်းဆွဲ ပြီး
"နေအုံး Coffeeဖျော်ပေး ကိုယ်ဘာကြိုက်လဲသိတယ်မလား"
"ဟုတ်ကဲ့ ဝသုန်သွားဖျော်လိုက်ပါမယ်"
YOU ARE READING
My Ex-Husband Is My Boss
RandomBossက ကျနော့အတွက် Bossပဲ အဲ့ထပ်မပိုဘူး ဝသုန်မိုး ကိုယ်မင်းကိုနောက်တစ်ကြိမ်ပြန်ပိုင်ဆိုင်ခွင့်ရှိမလား? ဟမ်! Baby.. စက် မဟာမြတ် warning ပေးပါတယ်နော် 18+ကလေးတွေပါပါတယ် ဒါကြောင့်စိတ်တိုင်းကျမှလာဖတ်ပါ ။