Unicoad
ဝသုန် boss ဖြစ်သူရဲ့အနားမှာ ရပ်နေပြီး အလိုမကျစွာမျက်နှာကြီးတစ်ခုလုံးသုံမှုံနေပြီး စိတ်ညစ်သည့်ပုံစံဖြစ်နေသည်။
စက်လဲ အနားက ဆူပုပ်ပုပ်ကောင်လေးလက်ကိုဆွဲချလိုက်ပြီးပေါင်ပေါ့ထိုင်စေလိုက်တယ်။
"ပြောပါအုံးအချစ်လေး ဘာလို့ မျက်နှာကဒီလိုဖြစ်နေတာလဲ"
"အချိန်ညနေ၆နာရီထိုးနေပြီ အိမ်ပြန်ချင်လို့ "
ဝသုန်လဲ ပေါင်ပေါ်ကနေဆက်ကနည်းပြန်ထလိုက်သည်။သို့ပေမယ့်ပြန်ဆွဲချပြီး စက်ရဲ့အားသန်တဲ့လက်တွေနဲ့ဖက်ထားတာမလို့ဝသုန်တစ်ယောက်ထလို့ပင်မရတော့ပေ။
"လွှတ်ပါ boss တစ်ယောက်ယောက် မြင်သွားရင်မကောင်းဘူး"
စက်လဲ ဝသုန့်ရဲ့မျက်နှာလေးကိုစိုက်ကြည့်ပြီးအနည်းငယ်ပြုံးကာ ဝသုန့်နားနားကိုကပ်၍ ဩသျှပြီးဩဇာအာဏာရှိတဲ့အသံကြီးနှင့်စကားပြောလိုက်သည်။
"တစ်ခြားတစ်ယောက်မြင်မှာပဲမကောင်းတာပေါ့ ဘယ်သူမှမရှိရင် ဒီလိုနေရာတာကောင်းတယ်ဆိုတဲ့သဘောလားအချစ်လေး"
ဝသုန့်မျက်နှာကြီးရဲတတ်လာပြီး စက်ရဲ့ရင်ဘက်ကိုထုကာ
"မဟုတ်ဘူး ဘာနေနေမကောင်းဘူးဖယ်ပေး! ပြီးတော့အိမ်ပြန်မယ်"
"အိမ်မပြန်ရဘူး အခုမင်းအမေကိုမင်းဖုန်းဆက်လိုက် အိမ်မပြန်နိုင်ကြောင်းပြော"
ဝသုန် စက်ကို မျက်မှောင်ကျုံ့ကာကြည့်ရင်း
"မဆက်ပါဘူးမေမေစိတ်ပူနေမှာ အိမ်ပြန်မှာပဲ"
စက် သည်ဝသုန့်ရဲ့ခါးသေးသေးလေးကိုညှစ်လိုက်ပြီးစူးစိုက်ကြည့်လိုက်ကာ
"အိမ်ပြန်မယ်ထပ်ပြောရင် ဒီနေရာမှာတင် မင်းကိုထမရအောင်လုပ်လို့ရတယ်နော်ဝသုန်မိုး ကိုယ့်ကိုစိတ်တိုအောင်မလုပ်ချင်စမ်းပါနဲ့"
ဝသုန်သက်ပြင်းချလိုက်ပြီး
"ကောင်းပြီလေ ဖုန်းဆက်လိုက် မယ်"
ဝသုန့်ရဲ့လက်ခံစကားကြောင့်စက်ကျေနပ်သွားပြီးခါးကိုညှစ်ထားတာကိုလျှော့ပေးလိုက်ပြီးမျက်နှာလေးကိုကြည့်နေသည်။
YOU ARE READING
My Ex-Husband Is My Boss
RandomBossက ကျနော့အတွက် Bossပဲ အဲ့ထပ်မပိုဘူး ဝသုန်မိုး ကိုယ်မင်းကိုနောက်တစ်ကြိမ်ပြန်ပိုင်ဆိုင်ခွင့်ရှိမလား? ဟမ်! Baby.. စက် မဟာမြတ် warning ပေးပါတယ်နော် 18+ကလေးတွေပါပါတယ် ဒါကြောင့်စိတ်တိုင်းကျမှလာဖတ်ပါ ။