(Time:
*Jinနှင့်Yoongiစစ်မှုထမ်းပြီး၊
*94-bornများဖြစ်သည့် Namjoonနှင့်Jhopeတို့ တစ်နှစ်တာစစ်မှုထမ်းဆောင်ချိန်
*95-bornများဖြစ်သည့် Taehyungနှင့် Jiminတို့ စစ်မှုစတင်ထမ်းဆောင်နေချိန်)Seoul Tower အနီးအထပ်မြင့်အဆောက်အဦး၏အပေါ်ဆုံးအထပ် Penthouseပေါ်သို့ ဓါတ်လှေကားနှင့်တက်သွားပြီး မြင်နေကျအခန်းကို တံခါးမခေါက်ဘဲ ဝင်လိုက်သည်။
အတားအဆီးမရှိတိုက်ခတ်နေသော လေအဟုန်ကို မလွန်ဆန်နိုင်သဖြင့် လွန့်လူးနေသည့် ဖြူလွလွအခန်းဆီးများကြားမှ မလှုပ်မယှက်ထိုင်နေသူတစ်ဦး။ထိုသူ၏မျက်ဝန်းများကား တစ်နေရာဆီသို့ မမှိတ်မသုန်ငေးကြည့်နေလေသည်။
မှုန်မှိုင်းနေသော အကြည့်တို့နှင့် လားလားမှမဆိုင် ပျိုမျစ်တက်ကြွသော နီယွန်မီးများက ထိုသူ၏မျက်နှာဆီသို့ ရောင်ပြန်ဟပ်နေလေသည်။အပြာ...ပြီးတော့ ခရမ်း
နေပါဦး .....
အဝါရော ပါသေးလား....
မသိစိတ်၏လှုံ့ဆော်မှုကြောင့်လား သူ၏ဖွဖွလှမ်းလာသော ခြေသံတို့ကို ကြားသွား၍လား မသိနိုင်ဘဲ ထိုသူက အနောက်ကို လှည့်ကြည့်လိုက်သည်။
သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် အိပ်မက်ကနိုးထလာသလို အားရပါးရပြုံးရင်း
"Yoongi-ah...ရော့"
မထိုင်ရသေးခင် ကမ်းပေးလိုက်သော ကော်ဖီဗူးကို ကိုင်လိုက်ပြီး ထိုဗူးကိုပင် ထုံးစံအတိုင်း ကုန်းနမ်းလိုက်သည်။
"မင်းသောက်နေကျဆိုင်က ဝယ်လာတာပါကွာ..ထိုင်"
လွတ်နေသောနေရာ ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး
"ဘာလုပ်နေတာလဲ"
"ထိုင်နေတာလေ."
"အင်းလေ..ဘာလုပ်ဖို့..."
"Yoongi.. congratulations!!!....ဒီတစ်ခေါက်လည်း အရောင်းရဆုံး solo artistဖြစ်ပြန်ပြီဆို"
"ဒီလိုပါပဲ.... Hyungရော...ဘယ်တော့ပြန်လာမှာလဲ"
ဘေးတစောင်းအနေအထားမှ သူ့ဘက်ကိုလှည့်လိုက်ပြီး အားရပါးရပြုံးလိုက်ရင်း ထုံးစံအတိုင်း ခပ်ကြွားကြွားကလေး မျက်နှာကို လက်ဖြင့်ပွတ်လိုက်လေသည်။