🍡🍭🍭🍭🍭🍭🍡🍭🍭🍭🍭🍭
ဇာတ်လမ်းတိုင်းမှာ ဇာတ်သိမ်းဆိုတာရှိနေရမှာလား။
ငါတို့က ပြဇာတ်ဇာတ်လမ်းတစ်ပုဒ်ထဲက ဇာတ်ကောင်တွေမှမဟုတ်တာ မင်းအကြောင်းကို မင်းကလွှဲလို့ ဘယ်သူမှ စိတ်မဝင်စားဘူး ...စိတ်ချ။
ကမ္ဘာကြီးကလည်း သူ့အရှိန်နဲ့သူ လည်နေဦးမှာနော်... မင်းမရှိတော့တာတောင် ဘယ်သူမှသိလိုက်မှာ မဟုတ်ဘူး။
မင်းကိုလွမ်းလှ တစ်ပတ်ပေါ့။
စကားလုံးများစွာဖြင့် ထိုးနှက်နေသော သူ့ကို ယုန်ဖြူလေးက တစ်ခွန်းထဲဖြင့် ချေပလိုက်သည်။
ထိုစကားကြောင့်ပင် သူ အမှန်တကယ်သေဆုံးသွားလေသည်။
*****************************************
မနက်မိုးလင်းလာလျှင် နိုးနိုးချင်း အိပ်ရာမထသေးဘဲ ဖုန်းကို ပထမဆုံးဖွင့်ကြည့်တာက သူ့ရဲ့နေ့စဉ်အလုပ်။
သတင်းကြည့်တာလား....
နိုးပါ။သူနှစ်သက်တဲ့ တစ်စုံတစ်ယောက်အကြောင်းလား...
စိတ်တောင်မကောင်းဘူး။ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေပြီလဲ ...
လုံးဝစိတ်မဝင်စား။ဒါဆို ဘာလုပ်ဖို့ အိပ်ရာမထ ဖုန်းထကြည့်တာလဲလို့မေးလာရင် သူတစ်ခွန်းတည်းဖြေစရာရှိသည်။
"ပျင်းလို့"
မှန်သည်။
Seokjinအတွက် အရာရာသည် ပျင်းရိဖွယ်အတိဖြစ်သည်။
သံပတ်ပေးထားသလို အချိန်ကိုက်လှုပ်ရှားနေရသော သူ့ဘဝတွင် အသစ်အဆန်းဆိုတာ ဝင်ရောက်မလာ။
တကယ်တမ်းကျ ဝင်မလာတာဆိုတာထက် သူကိုယ်တိုင် ဝင်ခွင့်မပြုတာဆိုရင် ပိုမှန်သည်။
မနေ့က online shoppingလုပ် ဝယ်ထားသော အင်္ကျီနှင့်ခါးပတ်က သည်နေ့ သူစိတ်ကို ဖမ်းစားနိုင်စွမ်းမရှိတော့။
စားစရာမရှိသော ရေခဲသေတ္တာကို မကြာမကြာဖွင့်နေသလိုမျိုး အကြောင်းမထူးသော ဖုန်းမျက်နှာပြင်ကို လက်မနှင့် အပေါ်အောက် ပွတ်ဆွဲနေသည်မှာ ဖုန်းသာအသက်ရှိသတ္တဝါတစ်ကောင်ဆို သူနှင့်ဝေးနိုင်သမျှ ဝေးဝေးပြေးလိမ့်မည်။