ဘုတ်ခနဲမြည်သံနှင့်အတူ ကလေးငယ်တစ်ဦး၏ စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးသံကား ပန်းခြံ၏ခုံတန်းလျားလေးပေါ်တွင် စိတ်အေးလက်အေးထိုင်နေသော Jungkookထံပျံ့လွင့်လာသည်။ထိုကလေးငယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အရေးမစိုက်သလို နေမြဲအတိုင်းဆက်ထိုင်နေလိုက်သည်။
ထိုစဉ်ဆူညံနေသော ဖိနပ်သံနှင့်အတူ မိခင်ဖြစ်ဟန်တူသည့် အမျိုးသမီးတစ်ဦးက ပြေးဝင်လာသည်။"ထ..နင့်ကိုငါ မပြေးပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ။အခုမှတော့ ငိုမနေနဲ့။ထဆို...တယ်..ငါလေ..ဟင်းနော်...အပြင်ရောက်နေလို့ နင်သက်သာသွားတယ်"
ငိုကြွေးနေသည့်ကလေးငယ်ကား ပါးစပ်ကိုတင်းတင်းစေ့ရင်း ရှိုက်ရှိုက်ငိုနေသည်ကို Jungkookမကြည့်ချင်သော်လည်း မြင်နေရသည်။
သို့သော် သူ့ဝသီအတိုင်း
"သူများကိစ္စ ငါစိတ်မဝင်စားဘူး"
ဟု ခပ်တိုးတိုးရေရွတ်ရင်း ပန်းခြံအဝင်ကို လှမ်းမျှော်ကြည့်နေလိုက်သည်။...လာခဲလိုက်တာနော်.....
ထိုစဉ် ပန်းခြံသို့ ခပ်သုတ်သုတ်ဝင်လာသော Mrs.Park...
Mrs.Park:"ရောက်နေတာကြာပြီလား။sorryကွယ် ကားရပ်ဖို့နေရာက ရှာရအခက်သားလား"
Jungkook:"အာ...မဟုတ်တာပဲ။အားမနာပါနဲ့ ဒီလိုပဲဖြစ်တတ်ပါတယ်"
အသက်အရွယ်နှင့် မလိုက်ဖက်စွာ ခပ်ရဲရဲဆိုးထားသော နှုတ်ခမ်းများကို ညုတုတုပြုံးပြရင်း
Mrs.Park:"Mr.Jeonက လူကလည်းချောသလို စိတ်ထားကလည်း ကောင်းတာပဲ။ကဲ..ပြောပါဦး။ဖုန်းထဲမှာ ပြောတဲ့သဘောတူစာချုပ်ဆိုတာ"Jungkook:"ဟုတ်ကဲ့....ဒီမှာပါ"
*****************************************
Jungkookသူ့တိုက်ခန်းသို့ ရောက်ရောက်ချင်း အိပ်ရာပေါ်လှဲချလိုက်သည်။ရှုပ်ပွနေသော အခန်းကျဥ်းလေးနှင့်အတူ မဆေးကြောရသေးသော ပန်ကန်များက ဘေစင်တွင် ပုံထပ်နေသည်။သို့သော် သူ့တွင် ရှင်းလင်းချင်စိတ်မရှိ။
ခပ်မှေးမှေးအိပ်ပျော်သွားသောအခါ သူ့အနားနားသို့ ကပ်ပြောနေသော အသံလေးတစ်ခု
"နေ့လည်က Gymဆော့နေရင်းနဲ့ မောလိုက်တာ Jungkookရာ။ငါ...သေတော့မလို့..."