🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
လူတွေမှာ သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ Frequencyတွေ...
စွမ်းအင်တွေ ရှိပါတယ်လို့ ကျနော်ပြောရင် ခင်ဗျား ယုံမလား.....?။အိမ်အပေါက်မှာ ချိတ်ဆွဲထားတဲ့ ဆည်းလည်းလေးရဲ့ ရင်ခတ်သံတွေ...
ဖွဖွစေ့ထားတဲ့ တံခါးကြားလေတိုးပေါက်တွေထဲက တိုးတိုက်ထွက်လာတဲ့ လှိုက်မောသံတွေ....
နောက်တော့....
ကြယ်ရောင်တွေရဲ့ အောက်က ခပ်ဖွဖွရယ်မောသံ...တိုးတိတ်လွန်းစွာ ထိန်းထားတဲ့ကြားက ပွင့်ထွက်လာတဲ့ ပင့်သက်ရှိုက်သံတွေ......
သူ့လက်ချောင်းထိပ်နဲ့ ကိုယ့်လက်ချောင်းထိပ်ထိကပ်သွားမိတဲ့ တခဏ....
သူ့လက်ဖျားကတဆင့် ဘယ်ဘက်ရင်အုံကို ဖြတ်ခနဲစီးဆင်းသွားတဲ့ စပ်ဖျင်းဖျင်း လျှပ်စီးကြောင်းတွေ...
ဒါတွေအကုန်လုံးက လူတစ်ယောက်ရဲ့နှလုံးအိမ်ကို စိမ့်ဝင်စီးဆင်းနိုင်တယ်ဆိုတာကိုလေ။
ဒါတွေအကုန်လုံးက ကျနော် မြင်ခဲ့ရတာမျိုးမဟုတ်ဘဲ ကျနော် သူ့ဆီကနေ တွေ့ရှိသင်ယူခဲ့ရတာတွေ။
Concertတစ်ခုကို သွားဖို့ လှုံ့ဆော်နေတဲ့ Hoseokကိုကြည့်ပြီး Jinခေါင်းခါပြလိုက်သည်။
"အိပ်မှာ..."
"ဟာဗျာ...ရောက်တုန်းရောက်ခိုက်ကို...သွားရအောင်ဗျာ။"
Hoseokက သွယ်လျနေတဲ့လက်ချောင်းတွေကို လက်ချိုးရေရင်း
"Jiminပါမယ်...Taehyungieပါမယ်..ပြီးတော့Jungkookပါမယ်.."အမည်နာမတစ်ခုကို ကြားလိုက်တော့ လေလှိုင်းကြားကလွင့်လာတဲ့ မမြင်နိုင်တဲ့ Frequency ကြိမ်နှုန်းတစ်ချို့ရဲ့တုန်သံက သူ့ဘယ်ဘက်ရင်အုံကို ဓါးနှင့်ဆွသလို နာလာသည်။
ဘေးနားပုံထားတဲ့ ခေါင်းအုံးကို ဆွဲယူပြီး Yoongiခြေထောက်ကို ခြေဖြင့်ကန်ကာ သတိပေးလိုက်သည်။"ငါအိပ်တော့မယ်.."
ကွန်ပျူတာမျက်နှာပြင်ပေါ်က အကြည့်အလွှဲဘဲ ခေါင်းဆတ်ပြလိုက်တဲ့ Yoongiရယ်..
စကားကို ဆုံးအောင်နားမထောင်ဘဲ ထထွက်သွားတဲ့ သူ့ကို ကျိန်ဆဲနေတဲ့ Hoseokရယ်ကို ကျောခိုင်းထားခဲ့ပြီး သူ့အခန်းကို သူပြန်ခဲ့တော့သည်။
ဘာရယ်ကြောင့်မှန်းမသိဘဲ ဟိုတယ်အခန်းများကို ကူးလူးဆက်သွယ်ပေးထားတဲ့ လမ်းကျဉ်းများက သူ့ကိုအသက်ရှူကျပ်စေသည်။
ဘေးဝဲယာက အလုံပိတ်နံရံများထက်မှာ ဝါကျင့်ကျင့်မီးရောင်တွေရဲ့အလင်းအားက မှုန်မှိုင်းနေတဲ့ လမ်းကြားကို မလင်းစေပါ။