[ ၉ ] ချီချန်ကျီးနဲ့နှစ်ယောက်တည်းနေရမှာကြောက်တယ်

1.1K 93 1
                                    

[ ၉ ] ချီချန်ကျီးနဲ့နှစ်ယောက်တည်းနေရမှာကြောက်တယ်

ချီချန်ကျီးဟာ ချီလင် နည်းပညာကုမ္ပဏီကနေ ချီလင် အိမ်ခြံမြေကုမ္ပဏီကို ဒါရိုက်တာတစ်ဦးအဖြစ် ပြောင်းရွှေ့လုပ်ကိုင်ဖို့ ဆန္ဒပြုခဲ့သတဲ့။ မဂ္ဂဇင်းထဲမှာ ဖော်ပြထားသည်။ အထွေထွေမန်နေဂျာအဖြစ်ကနေ ဒါရိုက်တာအဖြစ်သို့ ရာထူးတိုးခံလိုက်ရတယ်ထင်ရပေမယ့် တကယ်တမ်း ချီလင် အိမ်ခြံမြေကုမ္ပဏီဟာ ချီလင် နည်းပညာကုမ္ပဏီရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုသာဖြစ်လေသည်။ ဒီတော့ ရာထူးချခံလိုက်တာပါပဲ။

အားလုံးက ချီချန်ကျီးကို မိသားစုနှင့် ပဋိပက္ခဖြစ်ခဲ့သည် ဟုပဲ သံသယရှိခဲ့ကြ၏။ အတင့်ရဲလှသော သတင်းထောက်တစ်ဦးက ထိုသံသယကို သူ့ထံ မေးမြန်းခဲ့တော့ ..

" ဒါရိုက်တာကြီးလို့ အခေါ်ခံရတာကို ကြိုက်လို့ပါ " ဟု သူ ဖြေခဲ့သည်။

ကောင်းတယ်

...

နောက်တစ်နေ့မှာ ပြောဆိုထားသည့်အတိုင်း စုန့်ယွီ ချီလင်ကို သွားလိုက်သည်။ ချိန်းထားတဲ့ အချိန်ထက် စောပြီး ရောက်သွားခဲ့၏။

" လက်ထောက်ချန် .. ကျွန်မ သခင်လေးချန်နဲ့တွေ့ဖို့ ချိန်းထားလို့ပါ "
ချန်တုံးကယ်ရှေ့မှာ ရပ်ပြီး စုန့်ယွီ ပြောလိုက်လျှင်..

" သခင်လေးချန်က အစည်းအဝေးလုပ်နေတယ်။ ခဏ စောင့်ဦးနော် "

" ရပါတယ် ကျွန်မက စောရောက်နေတာပဲဥစ္စာ "

ချန်တုံးကယ်က ပြုံးလိုက်ပြီး ကော်ဖီနှင့်မုန့်တွေ ဧည့်ခံပေးဖို့ တစ်ယောက်ကို မှာသည်။

စုန့်ယွီက မုန့်တွေမစားတော့ဘဲ ကော်ဖီပဲသောက်၏။ မထင်မှတ်ထားခဲ့ခြင်းတွင် သူ့ရဲ့အစည်းအဝေးက နေ့လယ် ၁၂ နာရီထိ ကြာသွားခဲ့လေ၏။

ချီချန်ကျီး အစည်းအဝေးခန်းကနေ ထွက်တော့ စုန့်ယွီကို မြင်ပြီး ခြေလှမ်းတွေ ရပ်သွားသည်။
" ဆောရီးကွာ .. အစည်းအဝေး ဒီလောက်ကြာသွားမယ်လို့ မထင်လိုက်ဘူး .. ဟိုမှာ နေ့လယ်စာစားရင်း စကားပြောရအောင် "

ခြေကုန်လက်ပန်းကျနေသည့် ပုံစံကို မြင်လိုက်တာမို့ တမင်စောင့်ခိုင်းပြီး မာန်တက်နေတာ ဟူသော အတွေးတွေ ပျောက်ကွယ်ကုန်၏။ နှစ်ယောက်သား အနီးဝန်းကျင်က စားသောက်ဆိုင်တစ်ခုကို သွားပြီး သီးသန့်ခန်း ယူလိုက်သည်။

Two-faced Husband, Have Some Decency! ( Myanmar Translation )Where stories live. Discover now