၄၂

602 24 3
                                    

Unicode:

အခန်း ( ၄၂ )
သူ ကိုယ့်ဘေးနားမှာ ရှိနေသလိုမျိုး 

ကားတံခါးလက်ကိုင်အား ဆုပ်ကိုင်ထားခဲ့သည့် စုန့်ယွီလက်ကလေး ပြေလျော့သွားခဲ့၏။ သူမ ချီချန်ကျီးကို လှည့်ကြည့်လိုက်သည်။

ကားထဲမှာ မှောင်မည်းနေသည်။ ကားအပြင်မှာလည်း လမ်းမီးတိုင်တချို့က ပျက်နေ၏။ ချီချန်ကျီးရဲ့မျက်နှာက အမှောင်ထဲမှာ ကွယ်ပျောက်နေသည်။ မျက်မှန်တွေတပ်မထားလျှင်တောင် သူ့ရဲ့ပဟေဠိဆန်တဲ့မျက်နှာအမူအရာတွေကို မြင်ဖို့က ခက်၏။

“ ဒီဖြစ်ရပ်က ချန်ရှစ်ရဲ့လုပ်နည်းကိုင်နည်းနဲ့ပတ်သက်ပြီး ကိုယ့်ကို မေးခွန်းထုတ်မိစေတယ်။ မင်းရဲ့ကုမ္ပဏီအရေးစိုက်သမျှက အတွင်းရေး အပြိုင်အဆိုင်တွေပဲ။ Client ရဲ့အကျိုးကိုတော့ ဘေးချိတ်ထားတယ်။ ကိုယ် စိတ်မချဘူး။ ဒီတော့ စာချုပ်ချုပ်တာအပါအဝင် အားလုံးကို ပြန်သုံးသပ်ချင်တယ်။ မင်းရဲ့ဒီဇိုင်းကိုတော့ တကယ်သဘောကျပါတယ်။ ဒါပေမဲ့ အချက်အလက်အားလုံးကို ထည့်သွင်းပြီးတော့ ကိုယ် ပြန်စဉ်းစားဖို့လိုတယ် ”

“ အခု ကျောက်ရုံချန်က မင်းကို ပြန်ခေါ်လိုက်ပြီဆိုပေမဲ့ စာချုပ်က မင်းကိုပဲ ပြန်ပေးရမယ်ဆိုတာမျိုးတော့ မလိုအပ်ဘူး။ ဒီကိစ္စမှာ မင်း အမှားမပါတာကိုယ်သိတယ်။ ဘာလို့ဆို မင်းကလည်း ခံရတဲ့သူပဲ။ ဒါပေမဲ့ ကိစ္စတွေက ဒီလိုဖြစ်သွားပြီဆိုမှတော့ ဒီလောက်ကြီးတဲ့လုပ်ငန်းကိစ္စကို ပေါ့ပေါ့တန်တန်မလုပ်နိုင်ဘူး။ အထူးသဖြင့် အဲ့ဒီလိုပေါ့ဆမှုမျိုးက အပြစ်မယူဘဲ ခွင့်လွှတ်ပေးလိုက်ဖို့ မဖြစ်နိုင်ဘူး ”

“ ဒီတစ်ခေါက်မှာ ကွမ်းယွီက ကိုယ်တွေနဲ့ ဆက်သွယ်လာတယ်။ ကိုယ်လည်း သူတို့ကို ယှဉ်ပြိုင်ခွင့်ပေးဖို့ ဆုံးဖြတ်ပြီးပြီ။ အချိန်တန်ရင် မှန်တဲ့လူက ရမှာပဲ။ မနက်ဖြန် ချန်တုံးကယ်ကို မင်းဆီအကြောင်းကြားခိုင်းထားတဲ့ ကိစ္စ ရှိတယ်။ အဲ့ဒီနောက်နေ့ ညနေဘက်လောက် အလုပ်ဆင်းရင် ကွမ်းယွီကို လာခဲ့လိုက်ပါ။ သောကြာနေ့ ဖြစ်လိမ့်မယ်။ ချီလင်ရဲ့ဝင်ပေါက်မှာပဲ ကွမ်းယွီက အာခီတက်နဲ့ မင်း တွေ့ရလိမ့်မယ်။ ကိုယ်တို့ကုမ္ပဏီက ကိုယ်အပါအဝင် လော့ယွီရှုနဲ့ အင်ဂျင်နီယာဌာနက မန်နေဂျာက အားလုံးကို ပရောဂျက်ဆိုက်ကို ခေါ်သွားပေးမှာ ”

Two-faced Husband, Have Some Decency! ( Myanmar Translation )Where stories live. Discover now