၅၀

319 11 2
                                    

Unicode

အခန်း ( ၅၀ )

ရုတ်တရက် ချီချန်ကျီးသည် သူမကို ပင့်မြှောက်လိုက်ပြီး သူ့ရင်ဘတ်ဆီမှ သူမလက်ကလေးကို ဆွဲယူကာ ရေချိုးတဘက်ထဲသို့ လမ်းပြခဲ့၏။

စုန့်ယွီက အနမ်းကြောင့် မွှန်ထူနေခဲ့ပြီး သူ့ရဲ့ရည်ရွယ်ချက်ကို သတိမထားခဲ့မိပေ။ သူမရဲ့နူးညံ့သော လက်ချောင်းထိပ်တို့ ဆွဲယူခံရပြီး ခါးရှိ ရေချိုးတဘက်နဲ့ ထိမိချိန်.. ထိုအချိန်မှာ တံခါးဘဲလ်သည် မိုးကြိုးပစ်သည့်အလား ကျယ်လောင်စွာ မြည်ဟည်းလာခဲ့လေ၏။

စုန့်ယွီလည်း ရေအေးအေးတစ်ပုံး လောင်းချခံလိုက်ရသလို ချက်ချင်း သတိဝင်သွားသည်။

တစ်ဆက်တည်းမှာ သတိထားမိလိုက်တာက သူ ခေါ်သွားတဲ့ သူမလက် ရောက်နေရာကို ဖြစ်ပြီး အသော့ဆွဲရုပ်ကာ လက်နှစ်ဖက်နဲ့ ရှိသမျှအားသုံးပြီး သူ့ကို တွန်းပစ်လိုက်သည်။

ချီချန်ကျီးက ကျောက်သားနံရံကြီးပမာ လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်၏။ ထို့ကြောင့် သူမ မရပ်မနား ရုန်းကန်ရပြန်၏။

အင်္ကျီတွေ ဆံပင်တွေဟာ ဖရိုဖရဲဖြစ်နေလျက်..

တံခါးဘဲလ်သံက ဆက်မြည်နေခဲ့ပြီး အပြင်ဘက်ကနေ လော့ယွီရှုအသံကို ကြားရသည်။ " ဒါရိုက်တာကြီး ကျွန်တော် လော့ယွီရှုပါ အလုပ်ကိစ္စဆွေးနွေးဖို့ ဒီည လာခဲ့ဆိုလို့ပါ "

အချိန်က ချီချန်ကျီး သူနဲ့ တွေ့ဖို့ စီစဉ်ထားသည့်အချိန်မို့ ချီချန်ကျီး မရှိနိုင်သည့် အခြေအနေကို လော့ယွီရှု မသိ။

ချီချန်ကျီးက မရှိသလို ဆက်ဟန်ဆောင်နေလို့ရသည်။ သို့သော် ဘာ့ကြောင့်မှန်းမသိ သူ စုန့်ယွီကို လွယ်လွယ်ပဲ လွှတ်ပေးခဲ့၏။

သူမခြေနှစ်ဖက်စလုံး ​ကြမ်းပြင်ပေါ်ပြန်ရောက်ပြီးတဲ့နောက် သူမ ဟန်ချက်ပျက်ပြီး လဲကျမှာကို သိနေလို့ ခါးကို သူပဲ ထိန်းကိုင်ပေးခဲ့သည်။

သူမဘာသာ ရပ်နိုင်ပြီဆိုတာသေချာမှ တံခါးသွားဖွင့်၏။

" ဒါရိုက်တာကြီး... " လော့ယွီရှု တံခါးဝမှာရပ်ပြီး အထဲဝင်တော့မည့်အချိန်မှာပဲ တံခါးဘေးနံရံကို မှီထားရသည့် စုန့်ယွီကို တွေ့လိုက်ရ၏။

You've reached the end of published parts.

⏰ Last updated: Aug 15 ⏰

Add this story to your Library to get notified about new parts!

Two-faced Husband, Have Some Decency! ( Myanmar Translation )Where stories live. Discover now