[ ၆ ] သူ့လို ပဟေဋ္ဌိဆန်လွန်းတဲ့လူက ငါ့ကို ဘာလို့ စိတ်ဝင်စားမှာလဲ

1.2K 127 1
                                    

(Unicode)

[ ၆ ] သူ့လို ပဟေဋ္ဌိဆန်လွန်းတဲ့လူက ငါ့ကို ဘာလို့ စိတ်ဝင်စားမှာလဲ

အချိန်မတော်ကြီး သူမဖုန်းက မြည်သံတွေပေးလာသည်။ ကွမ်းရှောင်လင်ဆီက ဖြစ်နေမှန်းသိတာနှင့် စုန့်ယွီ သက်ပြင်းချလိုက်ရင်း
" ရှောင်လင် "

" စုန့်ယွီ .. နင် အိမ်ပြန်ရောက်ပြီလား "
ဖုန်းတစ်ဖက်မှ ကွမ်းရှောင်လင်ရဲ့အသံကို ကြားရ၏။

" အေး ခုပဲရောက်တယ် "
စုန့်ယွီ ပြုံးလိုက်သည်။

" ခုနက စားသောက်ဆိုင်မှာ လီချန်ယီနဲ့ ဝူလိကျွင်းတို့ အဲ့ဒီလိုလုပ်လိုက်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး။ အဲ့လိုမှန်းသိခဲ့ရင် ငါ နင့်ကို လှမ်းမခေါ်လိုက်ပါဘူး။ သူတို့တွေက အဲ့ဒီလိုပဲ သိလား။ နင် စိတ်ထဲထားမနေနဲ့။ ငါလည်း နောက်ကို သူတို့တွေနဲ့ မပေါင်းဘူး "

" ငါ့ကိုတော့ စိတ်ထဲမထားနဲ့ ပြောပြီး နင့်ကျတော့ စိတ်တိုနေတဲ့ပုံပါလား " ​စုန့်ယွီ ပြုံးလိုက်ကာ " ငါက ရပါတယ် .. တကယ်​ .. သူတို့နဲ့လည်း မရင်းနှီးဘူး။ သူတို့ကို နာမည်နဲ့လူနဲ့ တွဲမှတ်မိဖို့တောင် မနည်း စဥ်းစားလိုက်ရတာ နောက်ပြီး ငါတို့တွေက တန်ဖိုးချင်း မတူကြဘူး။ ကိုယ့်ဝန်ကိုယ်ထမ်းတဲ့ကိစ္စကို ငါတော့ ရှက်စရာလို့ မထင်ဘူး။ နင်လည်း ဒါလေးအတွက်နဲ့ မပေါင်းဘဲ မနေလိုက်ပါနဲ့။ အဆက်အသွယ်က နင့်အတွက် အရေးကြီးနေတာကို "

" နင်က ငါသိခဲ့ဖူးတဲ့ စုန့်ယွီဖြစ်နေတုန်းပဲနော်။ နင့်အတွက်တော့ အရာရာတိုင်းကို လိုက်ဂရုစိုက်နေဖို့က ခဲယဥ်းတယ်။ ဘယ်ဟာကမှ နင့်ကို ဒေါသထွက်အောင် မလုပ်နိုင်သလိုပဲ။ ကြည့်ရတာ ကာကယံရှင်ဖြစ်တဲ့ နင်ကိုယ်တိုင်ထက်ပိုပြီး ငါက နင့်ဘဝကို စိုးရိမ်ပေးနေမိသလိုပဲ "
ကွမ်းရှောင်လင် ရယ်ရခက် ငိုရခက်မို့ ခေါင်းခါ၏။

" ငါကောင်းဖို့ လုပ်နေတာမှန်း သိပါတယ်။ ကျေးဇူးလည်း တင်တယ်။ ဒါပေမယ့် ဒီလိုအသေးအဖွဲကိစ္စလေးကြောင့်နဲ့ ဒေါသမဖြစ်သင့်ဘူးလို့ ထင်တာပဲ။ အလကား ကိုယ့်စိတ်ပင်ပန်းတာပဲရှိမှာ "

" အေးပါ .. နင့်ကိုတော့ မနိုင်ပါဘူး။ ဒါနဲ့လေ စုန့်ယွီ .. နင် ငါမေးတာကို ပွင့်ပွင့်လင်းလင်းဖြေနော် .. နင်နဲ့ ချီချန်ကျီးက ဘာတွေလဲ .. တွဲနေကြတာလား။ ဒီလောက်ကြီးတဲ့သတင်းကို နင် ငါ့ကိုဖုံးထားတာ တကယ် မယုံနိုင်ဘူး .. နင် ငါ့ကို သူငယ်ချင်းလို့ရော မှတ်ရဲ့လား "

Two-faced Husband, Have Some Decency! ( Myanmar Translation )Where stories live. Discover now