🎶 나였으면 그대 사랑하는 사람 나였으면 🎶
🎶 ကိုယ်သာဖြစ်ခဲ့ရင် မင်းချစ်နေတဲ့သူက ကိုယ်သာဖြစ်ခဲ့ရင် 🎶ဒီနေ့လည်း ဂျီဟွန်းတစ်ယောက်တည်းပဲ
နေ့တိုင်းလာနေကျ ဟျောင်းကတောင် ညနေရောက်တာတောင် အခုထိ မလာသေးဘူး အင်းပေါ့
ဟျောင်းလည်း ဟျောင်းကိစ္စနဲ့ဟျောင်း ရှိမှာပဲလေ
ဒါမှမဟုတ်လည်း ဟျောင်းက ဂျီဟွန်းကို စိတ်ကုန်သွားတာမျိုးပေါ့နေ့လယ်က စားလက်စ ခေါက်ဆွဲပြုတ်နဲ့ kimbap ဆီ အကြည့်တစ်ချက်ရောက်သွားတော့ kimbap နားမှာ တွေ့လိုက်ရတဲ့ ပုရွက်ဆိတ်တွေ
"မင်းတို့က ဗိုက်ဆာနေတာလား စားကြ စားကြ
ငါကတော့ အခု ဘာကိုမှ စားချင်စိတ်ကို မရှိတာ တကယ်လို့ မင်းတို့ကို အစာကျွေးလို့ ငါ ကောင်းမှုကုသိုလ် ရမယ်ဆိုရင် အဲ့ဒီကုသိုလ်ကို ငါ့ဆီမပေးဘဲနဲ့
ဂင်မ်ဂျွန်ဂယူလို့ခေါ်တဲ့လူဆီ ပေးလိုက်ပါ
ငါ သူ့ကို ချစ်တယ်"ဘာလို့များ ဒီနေ့မှ နေ့တာက တော်တော်ရှည်နေရတာလဲ နေ့တိုင်းလာနေကျဟျောင်းအပြင် နေ့တိုင်းလာကိုလာရမယ့် သူနာပြုဆရာမကတောင် မနေ့ကတည်းက ဆေးနှစ်ရက်စာ ပေးသွားပြီးတော့ ဒီနေ့
သူ့ကောင်လေးနဲ့ သွားချိန်းတွေ့နေတယ်ဟျောင်းမရှိမှ ဟျောင်းရဲ့ နေရာလွတ်ကို ခံစားတတ်လာတယ် နေ့တိုင်းလာတုန်းက စိတ်ရှုပ်ခဲ့ပေမဲ့ ဒီနေ့
မလာတော့ တစ်ခုခု လိုနေသလိုမျိုးကြီးပဲ
ဟျောင်းပေးတဲ့အချစ်မျိုး ဟျောင်းကို ပြန်မပေးနိုင်ပေမဲ့ သံယောဇဥ်ဆိုတဲ့အရာတစ်ခုကိုတော့ ဂျီဟွန်း ဟျောင်းကို ပြန်ပေးနိုင်ပါတယ် အကယ်၍ ဂျီဟွန်း သေသွားလို့ ဒီကမ္ဘာပေါ်မှာ ငိုမယ့်သူ တစ်ယောက်ပဲရှိရင် အဲ့ဒီလူက ဟျောင်းပဲ ဖြစ်မယ်ထင်တယ်
ဒါပေမဲ့ ဂင်မ်ဂျွန်ဂယူလည်း ငိုလောက်လေမလားကုတင်ပေါ်မှာ လှဲနေရင်းနဲ့ ချမ်းလာသလိုလို ဖြစ်လာလို့ ဖွင့်ထားတဲ့ ပြတင်းပေါက်ကို သွားပိတ်လိုက်တယ်
ညနေခြောက်နာရီရောက်လာပြီမို့လို့ Seoul က
မီးတွေတောင် လင်းထိန်လာပြီပဲ ဂျီဟွန်းချစ်ရတဲ့ အရိပ်ငယ်လေးလည်း ဒီမီးရောင်တွေရဲ့ တစ်နေရာရာမှာတော့ နစ်မြုပ်နေလောက်မှာပေါ့
YOU ARE READING
Dazy
Fanfictionအဝေးမှာရှိတဲ့အရာတွေက သိပ်ကိုမြတ်နိုးစရာကောင်းတယ် ကိုယ်ကတော့ ကံဆိုးတယ် ဒါကြောင့် အဝေးမှာရှိနေတဲ့ မြတ်နိုးရတဲ့ လူသားလေးကို ငေးကြည့်ရုံပဲ တတ်နိုင်တယ်