🎶 얼간이처럼 너를 죽도록 너를 사랑할 수 있기에 행복했다 🎶
🎶 အရူးလိုမျိုး မင်းကို သေမတတ် မင်းကို ချစ်ခွင့်ရခဲ့လို့ ပျော်ရွှင်ခဲ့ရတယ် 🎶မနက်ခင်းမှာ နေရောင်ခြည်နုနုရယ် ပြီးတော့ အခန်းထဲမှာ သင်းပျံ့နေတဲ့ ဒေစီပန်းရနံ့။ ပိတ်ထားတဲ့ မျက်လုံးကို ဖွင့်ပြီးတော့ အခန်းထဲ ဝေ့ဝဲကြည့်လိုက်တော့ ဂျီဟွန်း အိပ်တဲ့ ကုတင်ဘေးက စားပွဲလေးပေါ်မှာတင်ထားတဲ့ အဖြူရောင်ဒေစီပန်းအိုးငယ်
ဒေစီတွေကို မြင်ရင် ဘာကြောင့်မှန်းမသိ အဖြူရောင်ဒေစီတွေလို ဖျော့တော့ပြီး လှပနေတတ်တဲ့ ထိုကောင်လေးကို သတိရတယ် သူ့ကို ဖြူစင်တဲ့ကောင်လေးလို့ပဲ ဆိုရမလား ဒါမှမဟုတ် မာယာများတဲ့ ကောင်လေးလားတော့ ဂျီဟွန်း မသိတော့ပါဘူး
အခု ဂျီဟွန်း သိချင်တာက အဲ့ဒီပန်းတွေကို ဘယ်သူက ဂျီဟွန်းရဲ့ အခန်းထဲကို လာထားပေးသွားတာလဲဆိုတာကိုပဲ။ သူနာပြုဆရာမကလည်း အခန်းထဲကို တံခါးမခေါက်ဘဲနဲ့ ဝင်လာမှာမဟုတ်ဘူးလေ။
ပြီးတော့ တစ်နေ့တစ်ခါ ဆေးလာပေးဖို့ကိုတောင် ပျင်းနေတဲ့သူက မနက်စောစော ပန်းလာထားသွားစရာအကြောင်းမှမရှိတာ မဟုတ်မှလွဲရော... ဟျောင်းများလား။ အလုပ်အရမ်းများနေလို့ ပန်းကိုထားခဲ့ပြီးတော့ ပြန်သွားတာများလားပန်းအိုးထဲက ဒေစီပန်းတွေကို အမှတ်မထင် ရေတွက်လိုက်မိတော့ အတိအကျကို ကိုးပွင့်။ တိုက်ဆိုင်သွားရုံဆိုပေမဲ့ ဂျီဟွန်း ထိုလူသားငယ်ကို ထပ်ပြီးတော့ သတိရမိသွားပြန်ပြီ။ အဲ့ဒီလူသားငယ်က ဘယ်သူလဲဆိုတာကို ပြောပြဖို့ မလိုအပ်လောက်တဲ့အထိကို
ဂျီဟွန်းရဲ့ ဘဝမှာ လူတစ်ယောက်ကိုပဲ ချစ်ခဲ့တယ်အခန်းထဲမှာ ဖုံးလွှမ်းထားတဲ့ ဒေစီပန်းရနံ့ကြောင့် ယစ်မူးနေတုန်းမှာပဲ ပြတင်းပေါက်ကို ဖြတ်ပြီးတော့ ဝင်လာတဲ့ လမ်းပေါ်က သီချင်းသံ။ တိုက်ဆိုင်တာထက် ပိုပြီး တိုက်ဆိုင်နေတဲ့အရာကတော့ အခုကြားနေရတဲ့ သီချင်းသံက Daisy ဖြစ်နေတာပါပဲ
"ကိုယ့်ရဲ့ ထာဝရ အဖြူရောင်ဒေစီပန်းငယ်လေး အခု မင်းရော ကိုယ့်ကို သတိရနေသလောက်မလား"
YOU ARE READING
Dazy
Fanfictionအဝေးမှာရှိတဲ့အရာတွေက သိပ်ကိုမြတ်နိုးစရာကောင်းတယ် ကိုယ်ကတော့ ကံဆိုးတယ် ဒါကြောင့် အဝေးမှာရှိနေတဲ့ မြတ်နိုးရတဲ့ လူသားလေးကို ငေးကြည့်ရုံပဲ တတ်နိုင်တယ်