Mashi
"သုံးပွင့်ဆိုင်ဇာတ်လမ်းမှာဆိုရင် ကျိန်းသေပေါက်
တစ်ယောက်က လူဆိုးဖြစ်မှဖြစ်မှာလားဟင်"ကျွန်တော် အသက်ဆယ်နှစ်ကျော်ကျော်အရွယ်တုန်းက okasan ကိုမေးခဲ့ဖူးတယ်။ တီဗီမှာ လာနေတဲ့
ကြည့်လက်စ drama အပေါ်ကိုပဲ အာရုံစိုက်ထားခဲ့တဲ့ okasan က ကျွန်တော့်အမေးကို မကြားနိုင်ခဲ့တော့
ပြန်လည်း မဖြေပေးခဲ့။ ဒါပေမဲ့ drama ထဲက second lead ကတော့ ကျွန်တော့်အမေးကို စကားတစ်ခွန်းမှ မပြောဘဲနဲ့ တိတ်တဆိတ်နဲ့ပဲ ပြန်ဖြေပေးခဲ့တယ်။ဇာတ်လိုက်မင်းသမီးအပေါ်ထားတဲ့ သူ့အချစ်တွေက သူ့ကို လူဆိုးတစ်ယောက်အဖြစ် ပြောင်းလဲလိုက်တယ်။ သူက တခြားသူလက်ထဲက သူ ချစ်ရတဲ့သူကို လုယူဖို့ ကြိုးစားခဲ့တယ်။ အဆုံးမှာ သူ့ဘဝကြီး ရေစုန်မျော အပျက်စီးခံလိုက်တဲ့အထိကို သူ ဇာတ်လိုက်မင်းသမီးကို ချစ်ခဲ့တယ်။ သူချစ်တဲ့သူက သူ့အပေါ် မချစ်တာကို သိနေခဲ့တာတောင်မှပေါ့။
ဒီ drama ကို ကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော့်ဘဝမှာ second lead ဖြစ်ရမှာကို တအားကြောက်ခဲ့တယ်။
ဒီမိသားစုမှာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်က အမြဲတမ်း ဦးစားပေးခံနေကျမို့လို့ second lead ဖြစ်ရမှာကို ပိုပြီးတော့ ကြောက်မိခဲ့တာဖြစ်မယ်ထင်တယ်။
အဲ့ဒီတုန်းက ကျွန်တော် drama ထဲက second lead ရဲ့ လုပ်ရပ်အပေါ် မှတ်ချက်ချခဲ့တာကို အခုထိတိုင် မှတ်မိနေသေးတယ်။"ကိုယ်မပိုင်ဆိုင်နိုင်တဲ့အရာကို ဘာလို့များ လုယူချင်ရတာလဲ"
* * *
"ကိုယ်မပိုင်ဆိုင်နိုင်တဲ့အရာကို ဘာလို့များ လုယူချင်ရတာလဲ တာကာတာ မာရှီဟို"
မှန်ထဲက မြင်နေရတဲ့ ကိုယ့်ပုံရိပ်ကို ကြည့်ပြီးတော့ မေးမိတယ်။ second lead ဖြစ်ရမှာကို ကြောက်နေခဲ့တဲ့ဘဝမှာ main lead ဖြစ်လာဖို့ အခွင့်အရေးသာ ရလာခဲ့မယ်ဆိုရင်
အဲ့ဒီအခွင့်အရေးကို ဘယ်သူပဲဖြစ်ဖြစ် ဖမ်းဆုပ်လောက်မယ် မဟုတ်ဘူးလား။ ကျွန်တော်ကတော့ ဖမ်းဆုပ်ဖြစ်လောက်မယ်ထင်တယ်။ တမင်တကာ အတင်းအကြပ် အဲ့ဒီဖမ်းဆုပ်လို့ရမယ့် အခွင့်အရေးကို ဖန်းတီးရမယ်ဆိုရင်တောင်ပေါ့။
YOU ARE READING
Dazy
Fanfictionအဝေးမှာရှိတဲ့အရာတွေက သိပ်ကိုမြတ်နိုးစရာကောင်းတယ် ကိုယ်ကတော့ ကံဆိုးတယ် ဒါကြောင့် အဝေးမှာရှိနေတဲ့ မြတ်နိုးရတဲ့ လူသားလေးကို ငေးကြည့်ရုံပဲ တတ်နိုင်တယ်