🎶 여전하게도 넌 내 하루하루를 채우고 🎶
🎶 အရင်လိုပဲ မင်းက ငါ့ရဲ့ နေ့ရက်တွေမှာ နေရာယူထားတုန်းပဲ 🎶"ငါ မနေ့က စာကြည့်တိုက်သွားခဲ့တယ်"
"အဲ့ဒီမှာ မင်းနဲ့ ရှီဟို့ကိုတောင် တွေ့လိုက်သေးတယ်"
"ပြီးတော့ tteokbokki သွားစားခဲ့တယ် အဲ့ဒီဆိုင်မှာလေ မင်းသိပါတယ် ငါတို့ အတူတူသွားစားနေကျဆိုင်လေ အရင်တုန်းကပေါ့"
"ရား ဂင်မ်ဂျွန်ဂယူ စကားလေးဘာလေးပြန်ပြောလေ
ဖုန်းခေါ်လာတဲ့သူကို နည်းနည်းပါးပါး အားနာဦး""ဘာ~ အခု ငါ့ကို ငိုနေတာလားလို့ မေးလိုက်တာလား"
"ငါက ဘာလို့ ငိုရမှာလဲ အခု နှာစေးနေလို့ နှာသံပေါက်နေတာ"
"ပြီးတော့ အမှုန်လေးတစ်စ။
မဝင်သင့်တဲ့အမှုန်လေးတစ်စက ငါ့နှလုံးသား ဟင့်အင်း ငါ့မျက်လုံးထဲ ဝင်သွားလို့""မသိဘူး ငါလည်း ဘာလို့ မင်းကို ဒါတွေ ပြောနေမိလဲဆိုတာကို ငါလည်း မသိတော့ဘူး"
"အော် ရှီဟိုက ဘေးမှာ ရှိနေတာလား
ငါ နှုတ်ဆက်တယ်လို့ ပြောလိုက်ဦးနော်""...."
"ငါ့ဆီက မင်းကို လုသွားပြီး မင်းအပေါ် ကောင်းကောင်း မဆက်ဆံဘဲ ငိုအောင်လုပ်ရင်
ငါ ပြန်လာလုမှာလို့ ပြောလိုက်"ဘာမှမဖြစ်သလို ဟန်ဆောင်ပြီးပြောနေတဲ့အသံတွေကို နစ်ဝင်သွားစေတဲ့ နောက်ဆုံးအခွန်းကို ပြောပြီးတဲ့နောက်မှာ အတားအဆီးမရှိ ပါးပြင်ပေါ်ကို ဖြတ်သန်းသွားတဲ့ ရေတွေ ဟင့်အင်း မျက်ရည်စတွေ။
ကင်မ်ဂျွန်ဂယူက အနားမှာမရှိတော့တာတောင်
ဘာဖြစ်လို့ ဒီလိုမျိုး အသံလေးကြားရရုံနဲ့တင် မျက်ရည်တွေကျလာစေရတာလဲ"ငတုံးပဲ ပတ်ခ်ဂျီဟွန်း ဘာလို့ နောက်ဆုံးအခွန်းကို ဖုန်းချပြီးမှ ပြောထွက်ရတာလဲ"
ကိုယ့်ခေါင်းကိုယ် အဆက်မပြတ် ထုရိုက်ရင်း
မကျေမနပ်ရေရွတ်တော့ ဂျီဟွန်းရဲ့လက်ကို လာဆွဲတဲ့ အခြားသူတစ်ယောက်ရဲ့ လက်တစ်ဖက်။
မဖြစ်နိုင်မှန်းသိပေမဲ့ မျှော်လင့်နေမိတာက
အဲ့ဒီလက်ပိုင်ရှင်က ကင်မ်ဂျွန်ဂယူ ဖြစ်နေဖို့ဆိုရင်
ဂျီဟွန်းကို တအားကောင်းပေးတဲ့ ဟျောင်းအပေါ်
မတရားသလိုများ ဖြစ်သွားလောက်လေမလား
ESTÁS LEYENDO
Dazy
Fanficအဝေးမှာရှိတဲ့အရာတွေက သိပ်ကိုမြတ်နိုးစရာကောင်းတယ် ကိုယ်ကတော့ ကံဆိုးတယ် ဒါကြောင့် အဝေးမှာရှိနေတဲ့ မြတ်နိုးရတဲ့ လူသားလေးကို ငေးကြည့်ရုံပဲ တတ်နိုင်တယ်