အချစ်လို.ခေါ်မယ်....(Ep -31)

20.4K 444 72
                                    

(Uni)
.
.
.
နာတယ်ဟ...။

စွာတုန်းကစွာပြီးတော့များ ငြိမ်ငြိမ်နေ ။

ဆင့်ခွန်နောင်သူမလက်ဖြူအုအုကိုကိုင်ကာ လက်သည်းရာတွေမှာ ဆေးလိမ်းပေးသည်...

သွေးပါးပါးတွေစို့တို့တို့ဖြစ်နေတာမို့ စပ်နေလို့ အော်နေသည်

နှင်းဆီဝိုင် သူမလက်ကိုကိုင်ကာ ဆေးသေချာယူလိမ်းပေးနေသော သူ့ကို မျက်တောင်လေးတစ်ဖျက်ဖျက်ခပ်ကာ ကြည့်နေသည်

ဆင့်ခွန်နောင်... နင်..ပန်ပန်ကိုအတည်ချစ်တာလား။

ဆေးတို့ပေးနေသောလက်တို့ရပ်တန့်လျက် မျက်တောင်ခပ်ကာ တွေးနေတဲ့သူ ပြီးနောက် ဂွမ်းအတံလေးနဲ့ ဆေးဆက်တို့ကာ

အင်း....။

သူ့အဖြေကိုကြားတော့ နူတ်ခမ်းတစ်ဖက်ကိုက်ကာ

ရပြီး...ငါအိပ်တော့မယ်....နင်လဲဝင်တော့...။

ဘာစားပြီးပြီလဲ။

သူမလက်ပြန်ရုတ်ကာ အခန်းထဲဝင်ဖို့အလုပ်..

ငါဗိုက်မဆာဘူး...ဂွတ်ဒ်နိုက် ။

.......။

****************

ကိုအမ်းဒီမဟာ အဟင်း....မယ်ကစောင့်နေတာ ရောက်လာပေးလို့ကျေးဇူးပါနော်။

အင်း...။

မနက်လင်းတော့ ထိုမိသားစုမင်္ဂလာပွဲကို အမ်းလာခဲ့သည်...သူမကတော့အစောကြီးထဲကထွက်သွားကာ ထုံးစံအတိုင်း သူမအလုပ်ပြီးသည်နှင့် အပြင်ကနေသာကြည့်နေသည်...

မတွေ့ရတာတောင်ကြာပြီနော်...အမ်းဒီမဟာ ။

တုတ်ကောက်တစ်ချောင်းထောက်ကာ ဦးရာဂက သူ့အနားလျှောက်လာလျက် ပြောလေသည် ဒေါ်နီလာကလဲ ဘေးမှကပ်လျှက်ပါနေသည်...

မောင်အမ်းဒီမဟာလာမယ်ဆိုလို့ အန်တီတို့ကဝမ်းသာနေတာ အဟင်း...သမီးကြီးဆို ပျော်မဆုံးပဲ ဒါနဲ့မောင်အမ်းဒီမဟာက ဒီကိုလာအပန်းဖြေတာလား။

သူ့မျက်နှာနဲ့မို့ ထိုလူတွေကဖော်ရွေနေကြတာ သူတို့စီးပွားရေးတွေကြောင့်သာ ထိုမျက်နှာဘေးတွေဖြစ်နေတာပင်

ဒီအတိုင်းလာဖြစ်တာ...။

အဟင်း...ဒါဆိုရင်တော့ မောင်အမ်းဒီမဟာကံဆိုးတာပဲ ဒီကိုပန်ပန်ရောက်နေတာလေ အန်တီတို့တောင် မသိပဲ သူ့ကိုငှါးမိသွားတာ...အခုတော့တော်ပါသေးတယ် နှစ်ဖက်မိဘတွေဘာမှမျက်နှာမပျက်ရလို့။

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Donde viven las historias. Descúbrelo ahora