(Ep-37)

21.7K 410 45
                                    

(Uni)
.
.
.
မနက်7နာရီခွဲ၌....

ဒေါက် ဒေါက်(((

ဒုန်း...ဒုန်း...ဒုန်း(((

အင့်...ဖယ်အုံး ဘယ်သူလဲမသိဘူး ။

သူမဟာအပြင်ကတစ်ဒုန်းဒုန်းတစ်ဒေါက်ဒေါက်နဲ့ထုနေသော အသံကြောင့်နိူးလာပါသည်
ထပြီး သွားဖွင့်မလို့လုပ်ချင်ပေမယ့် သူကကပ်နေတာ ခွာလို့ပင်မရ
ညကဗိုက်ကြီးသည်မို့လို့ဘာမှမလုပ်တာတဲ့ သူမသာဗိုက်မရှိရင် သေချာပေါက်အဲ့ကိစ္စကိုလုပ်မှာတဲ့လေ ...

အဲ့ကိစ္စလုပ်မရတော့ တစ်ညလုံး သူမရင်သားကို သူ့ပါးစပ်ထဲထည့်ထားပြီးအိပ်လေသည် ယခုထမလိုု့ကြံလျှင်တွန်းမရပါချေ...

အင်းဟင်း ...ကျစ်...စောစောစီးစီး ဘယ်သူလဲကွာ တောက်စ်။

သူကသူမကိုမထစေပဲ သူကပဲ ဂျစ်ဆက်ဆက်နဲ့ထရပ်ကာ ဒေါသကြောင့်ဆံပင်တွေကိုလက်ဖြင့်ခပ်ကြမ်းကြမ်း ဆွဲဖွလေသည်..

ဟီးဟီး...။

ဟားဟား။

သူတံခါးဖွင့်လိုက်တော့ သွားပိစိတွေအကုန်ပေါ်အောင်ရီပြနေတဲ့ကလေးနှစ်ယောက်

ဘာလဲသားတို့ရာ မနက်စောစောစီးစီး ...ဟမ် ကလေးပီပီအိပ်ကြပါလားကွာ။

ဖေဖေကလဲခုနှစ်နာရီတောင်ကျော်နေပီကို.... မေမေရော။

ချင်းလေးပြောလဲပြော သူ့ခြေထောက်ဘေးကနေသူမကိုခေါင်းပြူကာရှာလေသည်...

မေမေ...။

မေမေသားသားတို့ကိုဒီနေ့ကျောင်းလိုက်ပို့ပါလားဟင်။

ကလေးနှစ်ယောက်ကုတင်ပေါ်ကသူမကိုမြင်တော့ လှစ်ခနဲဆိုသလိုပြေးသွားလေသည်...

ဖေဖေလိုက်ပို့မယ်လေ မေမေကမပေါ့မပါးကြီးနဲ့ဟာကို ။

ရတယ်ကျွန်မပဲပို့လိုက်မယ် ရှင်ကအလုပ်သွားချေ ကျွန်မလမ်းလေးဘာလေးလျှောက်ရင်းနဲ့ စိတ်ပြေလက်ပျောက်အပြင်ထွက်မလို့။

သူကသူမအတွက်ပြောပေမယ့် သူမကငြင်းဆန်ပါသည်

ဖြစ်ပါ့မလား ချစ်ရဲ့ မချိုကိုထည့်လိုက်မယ်မချိုနဲ့အတူသွားလိုက်လေ ။

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Tempat cerita menjadi hidup. Temukan sekarang