Ep-7

10.6K 241 2
                                    

(Uni)
.
.
.
.
သူတို့သည်အရှေ့ဘက်ဧည့်ခန်းတွင်
ရှိနေကြပီး...
သူမနဲ့ ရော်ရွက်ဝါသည် မီးဖိုချောင်ခန်းထဲတွင် ရောက်နေကြပါသည်

သူမသည် ဘာမှမလုပ်တက် သဖြင့် ဘယ်အရာကိုအရင် စကိုင်ရမလဲ မသိပါ သို့ပေမဲ့ ရော်ရွက်ဝါသည် ဟင်းချက်ပစ္စည်းများကိုအရင်ဆုံးသွားကာယူပြီး သန့်စင်ဆေးကြောနေပီဖြစ်ပါသည်...

မျက်တောင် ပုတ်ခတ် ပုတ်ခက်ဖြင့် သူမဟာ ဘယ်လိုလုပ်ရမလဲဆိုတာ မသိပါ..
ထို့ကြောင့်...လွယ်လင့်တကူဖြစ်နေသော...ကြက်ဥစင်၌ကြက်ဥများအား...ခြင်းဖြင့်သယ်ကာ...လူအရေအတွက်အလိုက် ငါးလုံးကိုယူပြီး
လက်ကိုင်ဒယ်အိုးကိုဆွဲယူလျက်မီးဖိုတွင်တင်လိုက်ပါသည်...

ရော်ရွက်ဝါကတော့အေးဆေးပင် အစီစဉ်တကျကိုလုပ်နေပီး တခုခြင်းစီကိုသူမကဲ့သို့ပြာယာခက်မနေပါချေ

မီးဖွင့်ရာတွင်လဲ မဖွင့်တတ်သဖြင့် အခက်ခဲများစွာရှိနေပါသည်..ထို့ကြောင့် သူမသည် ဘေးတွင်ရှိနေကြသော အိမ်အကူ အကူညီဖြင့်ဖွင့်တတ်သွားသည်...

အိမ်အကူများမှာ ရော်ရွက်ဝါကိုသာ အံ့သြသည့်အကြည့်များဖြင့်ကြည့်နေကြလေသည်..

သူမကိုတော့ရီချင်နေကြပေမယ့် မဒမ်မွန်ရွေးထားသည့်ချွေးမဖြစ်တာကြောင့်ပေါ်တင်မရီရဲပါ..

ကြက်ဥများကိုပေါင်းထည့်ကာမွှေပြီးအရသာအမူန့်များပင်မထည့်ပါ
ထည့်ရမည်ကိုလဲ သူမမသိ...

ထို့နောက်ဆီတော့ထည့်ရမည်ကိုသူမသိသည်..ဆီဘူးအားယူပြီးအိုးနဲ့မပြည့်ရုံတမယ် လောင်းထည့်သည်...
ပြီးနောင် မွှေထားသောကြက်ဥများကို ပစ်ထည့်လိုက်သည်...
ဆီများမှာသူမလက်သို့ လာစင်သဖြင့်သူမလက်ဖွေးဖွေးတို့သည့် နီမြန်းကာ ရဲနေပါတော့သည်..

အား...။

အဟီး...ဟီး။

ဘေးနားကအိမ်အကူတွေရဲ့ရီသံသဲ့သဲ့သည်ထွက်ပေါ်၏

ပစ်မထည့်ရဘူးလေ ဖြည်းဖြည်းထည့်မှပေါ့ မဟုတ်ရင် မင်းလက်တွေထိခိုက်လိမ့်မယ်။

ရှင့်ဘာသာကောင်းကောင်းချက်
ကျမကောင်းကောင်းလုပ်တတ်တယ်..။

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Tempat cerita menjadi hidup. Temukan sekarang