C&A _ 3

1.6K 198 44
                                    

#Uni🖤






"ကဲ လူစုကြမယ် ကလေးတွေ  ရင်ရင်း၊ကျိုးယင်၊ထုံကျီး တစ်တွဲသွားကြ၊
ရှောင်းကျန့်၊ရိပေါ်၊ လေန တစ်တွဲ၊ ထျန်းယီ၊သျှန့်ကျင်း၊............
.
.
.
.... ညနေ ၄:၀၀နာရီ အရောက်ပြန်လာခဲ့ကြ ကြားလား မြေပုံတွေ၊သံလိုက်အိမ်‌မြှောင်တွေ ပါ၊မပါစစ်ဆေးကြဦး "

"ဟုတ်ကဲ့ ရှဲ့လောင်ရှီး "

"ဒီတောင်မှာ တားမြစ်နယ်မြေရှိတယ်  ဖောက်ပေးထားတဲ့လမ်းကနေ ချော်မသွားကြနဲ့ "

"ဟုတ်ကဲ့ မော့လောင်ရှီး"

တစ်ဖွဲ့ပြီးတစ်ဖွဲ့ထွက်သွားကြသလို ရှောင်းကျန့်၊ရိပေါ်နဲ့ လေန တို့ထွက်လာကြတယ်။

တစ်ယောက်နဲ့တစ်ယောက် တွန်းထိုး‌နေလျက်၊

" ရိပေါ်.. ကျစ် လိုက်မတွန်းနဲ့ "

" ဘယ်မှာတွန်းလို့လဲ?!! ငါ့အိတ်ထဲက ပဲနို့ဘူးထုတ်နေရင်း တွန်းမိသွားတာကို.."

"တစ်လမ်းလုံး မင်းကိုယ်ကြီးပဲ ရိပေါ်ရာ  ငါ့ကို နှိုက်ခိုင်းပါလား "

ရှောင်းကျန့်က ငေါက်တော့ ရိပေါ်က အတင်းငြင်းသည်။

တကယ်ဆို ငြင်းစရာအကြောင်းမရှိဘူး၊ အခုက
သူ့အိတ်ထဲမှာ ပဲနို့ဘူးတွေအပြင် အာလူးကြော်မုန့်‌ တွေပါ ထည့်လာလို့..

အားလူကြော်မုန့်က ရှောင်းကျန့်ဖို့ မဟုတ်ဘူး၊ တကယ်..
  ဒါမဲ့ အဲ့ကောင်က အာလူးကြော်ဆို သိပ်ကြိုက်တာလေ သူစားချင်မှာစိုးလို့ အဟမ်း..

" လာမထိနဲ့ မကျွေးဘူး လေန ငါ့အိတ်ထဲက ပဲနို့ဘူးလေး နှိုက်ပေးပါလား "

" အင်း "

လေနက သိမ်မွေ့တယ်၊
သူ့မှာ အမေမရှိတော့လို့ ကျောင်းသားအချို့ရဲ့ စနောက်ခြင်းကို ခံရ‌လေ့ရှိပေမဲ့ သည်းခံသည့်လေနကို ရိပေါ်က တစ်ခါတစ်လေ ကူညီဖေးမလေ့ရှိ၏။

ပဲနို့ဘူးကို တစ်ပြွတ်ပြွတ်စုပ်ယူနေပြီး လက်ထဲက Lollipopကို လေနကိုတောင် ကျွေးလိုက်သေး..

ဝက်စုတ်က ငါ့ကို လျစ်လျူရှုတယ်!!!

လေနကိုပဲ အဖက်လုပ်တယ်...

" Chocolate & Angry pig " ✓𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✓Nơi câu chuyện tồn tại. Hãy khám phá bây giờ