C&A _ 8

1.5K 177 14
                                    

#Uni...
.

.

......





လေယာဉ်ပေါ်က ခန့်ခန့်ညားညားဆင်းလာတဲ့ရှောင်းကျန့်ကြောင့် လေဆိပ်က အမျိုးသမီးများက လှည်ပြန်ငေးကြည့်ကြသည်အထိ၊
သို့သော် ထိုအမျိုးသားမှာ မည်သည့်အမျိုးသမီးမှ စိတ်ဝင်စားခြင်းအလျဉ်းမရှိပါဘဲ..

မျက်စိမှာ ဝေ့ဝဲကာ နှစ်စုံနှစ်ယောက်အား လိုက်ရှာနေမိသည်။
(နှစ်စုံနှစ်ယောက်= ဝမ်ရိပေါ်နှင့်ပေါင်ပေါင်း)

" ဒယ်ဒီ..!!"

စူးကနဲ ထွက်လာသည့်အသံနှင့်အတူ ပြေးလာသည့် ပေါင်ပေါင်း..

အနောက်မှာတော့ သူ မျှော်နေသောသူမှာ မပါလာခဲ့ပေ။

" သားသား "

" ဒယ်ဒီကို ‌လွမ်းနေတာ.. "

သူ့ကို အတင်းဖက်ကာ ချွဲနေတဲ့ပေါင်ပေါင်း‌ကို ရှောင်းကျန့်မှာ ပြန်လည်ပွေ့ဖက်ထားမိလေသည်။

" ဒါက Mr.Seanရဲ့ သားလေးလား "

" ဟုတ်တယ် Ms:Hana "

ဂျပန်က ပါလာတဲ့ ဂျပန်-တရုတ်ကပြား ပန်းချီဆရာမ‌လေးMs: Hanaနဲ့ အမေးကို အပြုံးချိုချိုလေးနဲ့ တုံ့ပြန်မိလိုက်သည်။

" အိုး.. ကလေးက ချစ်စရာကောင်းလိုက်တာ.."

" ကျေးဇူးတင်ပါတယ် ကျဲကျဲ "

ပေါင်ပေါင်းလေးက အလိုက်တသိ ကျေးဇူးတင်စကားပြောလာသည့်အခါ Ms:Hanaမှာ ပေါင်ပေါင်းလေးကို အသည်းတယားယား။

" သားသား Piggyရော "

" ပါးပါးက ဟိုမှာ လာပြီ "

ပေါင်ပေါင်းလက်ညိုးထိုးပြသည့်နေရာကို ကြည့်မိတော့...
အနက်ရောင်ဟူဒီလေးနဲ့ Piggy..
လူငယ်ဆန်ဆန်လေးဝတ်ထားသည်မို့ တစ်မျိုးလေးချစ်ဖို့ကောင်းလို့နေသည်။

"ပါးပါး? Mr.Seanမှာ အမျိုးသားရှိတယ်လို့ မကြားဖူးဘူးနော် "

Ms:Hanaရဲ့စကားကြောင့် ရှောင်းကျန့်က ခေါင်းလေးအသာရမ်းပြလိုက်ပြီး..

"ဒီလို Yiboနဲ့ ကျွန်တော်က သူငယ်ချင်းတွေပါပဲ
သားဟားကတော့ နှစ်ယောက်စလုံးရဲ့ သားလေးပေါ့ "

" Chocolate & Angry pig " ✓𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✓Nơi câu chuyện tồn tại. Hãy khám phá bây giờ