C&A _ 7

1.4K 163 27
                                    


~~Uni~~

~

~

~

~




ဒီနေ့ ရှောင်းကျန့်နဲ့ရိပေါ်တို့ရဲ့ ဘွဲ့ယူတဲ့နေ့။

သူ့အဖေတွေနဲ့အတူ  ဆင်တူဝတ်ထားတဲ့ပေါင်ပေါင်းလေးက အသက် 4နှစ်ကျော်ပြီမို့ တီတီတာတာလေးတွေ ပြောတက်နေပြီဖြစ်၏။

"ဒယ်ဒီပါးပါး.. ပါးပါးဒယ်ဒီ... မြန်မြန်..မြန်မြန် "

ဝဝတစ်တစ်လုံးလုံးလေးနဲ့ ပေါင်ပေါင်းလေးက ချစ်စစဖွယ်အတိ။

အဖေတွေထက် တက်ကြွနေတဲ့သားလေးကြောင့် ရိပေါ်မှာ ချစ်လို့မဝ။

" ပေါင်ပေါင်းလေးက အချောကွာ ပါးပါးထက်တောင်ပို ဟန်းရွှိုက်နေပါရောလား "

" ပါးပါးဒယ်ဒီရဲ့ သားသား‌လေ ခစ်~~ခစ် "

"အတက်လေး မွခ်ျ.."

အပေါ်ထပ်က အောက်ဆင်းလာတဲ့ရှောင်းကျန့်က Piggyနဲ့သားသားကိုကြည့်ရင်း ပြုံးရယ်လို့ အောက်ဆင်းလာခဲ့တယ်။

ခြေတံ‌ရှည်တဲ့ရှောင်းကျန့်က ဘွဲ့ဝတ်စုံဝတ်ထားတာချင်းအတူတူ ပို၍ ကြည့်ကောင်းနေသလို။
ရိပေါ်လေးမှာ လုံးပုပုလေးမို့ ပုံ့အိုင့်အိုင့်လေးဖြင့်..။

ရိပေါ်က ရှောင်းကျန့်နဲ့သူ့ကိုယ်သူယှဉ်ကြည့်ရင်း..
ရှောင်းကျန့်က ရိပေါ်ထက် အရပ်ပိုရှည်တယ်ဆိုတာကို ရိပေါ် လက်မခံချင်ဘဲ လက်ခံလိုက်ရသည်။

သူ့ကိုကြည့်ရင်းနှာကစ်နေတဲ့ Angry pigကို ကြည့်ရင်း ရှောင်းကျန့်က ကြိတ်ခွီနေရတယ်။
ပေါ်တင် မခွီရဲ၊
လဒလေးက သူ့ကို လှောင်ပါတယ်ဆိုပြီး ကောက်နေမှဖြင့် ရှောင်းကျန့်တို့ ချော့နေရဦးမယ်။

သားသားက အသက်သာငယ်သေးတာ သူ့ပါးပါးဘက်ကို ပါသလား, မမေးနဲ့။

နည်းနည်းလေး တစ်ယောက်တစ်ခွန်း အော်ရင်း ရန်ဖြစ်ကြည့် ပေါင်ပေါင်းက ရှောင်းကျန့်ကို မျက်မှောင်ကြီးကုပ်ကာ ဂျိုကြည့်, ကြည့်လာတက်ပြီဖြစ်၏။

သောက်ကလေး ငယ်သာငယ်တာ ရိပေါ်မှရိပေါ်ကို ဖြစ်နေတော့တာပဲ။

" Chocolate & Angry pig " ✓𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✓Où les histoires vivent. Découvrez maintenant