#Uni..
..ရှောင်းကျန့်ရဲ့အကြည့်တွေက ရိပေါ်ရဲ့နှုတ်ခမ်းပြည့်ဖူးဖူးလေးကနေ ခေတ္တခဏလွှဲဖယ်သွားပြီး....
.
.
.
" အား..!!!!!!"
အပေါ်ထပ်က စူးကနဲထွက်ပေါ်လာတဲ့ရိပေါ်ရဲ့အော်သံ။
"အား!!! လွှတ်စမ်း! ငါ့ပါးနဲ့ မကိုက်နဲ့ နာတယ် နွားလေးရ!!"
ဟုတ်တယ်။
ညက သူ့Eggကို နာအောင်လုပ်တော့ သူကလည်း ကောင်စုတ်လေးရဲ့ပါးကို အားနဲ့ဖိကိုက်ပစ်လိုက်တယ်လေ။
အဟင်း ကြေပြီပေါ့ Angry pigရာ..
အတော်လေးကြာမှ လွှတ်ပေးလိုက်တော့... Angry pigရဲ့ပါးမှာ သူ့ယုန်သွားရာက အကွင်းလိုက်ကြီး...
HaHa မှတ်ပြီလား ..
ကျောင်းလည်းပိတ်ပြီမို့ ကျောင်းသွားစရာမလို,လို့ကို တမင်တကာကိုက်တာ...
အိဖောင်းဖောင်းပါးလေးမို့ ရှောင်းကျန့်ကိုက်ရတာ အတည်ကြီး အရသာတွေ့လှ၏။
ထပ်ကာထပ်ကာ ကိုက်ချင်နေမိလွန်းလို့
သူ့ဟာကို ခနခနနာအောင်လုပ်ပါစေလို့တောင်ဆုတောင်းရမလားမသိ..
ငါ့ကို နာအောင်လုပ်လို့ မင်းကိုလည်း ပြန်လုပ်တာဆိုပြီး လုပ်ရအောင်ကလည်း ...
မဖြစ်ပါဘူး တော်ကြာ သူ့ဟာလေး မျိုးတုံးကုန်မှဖြင့်...
" ကြေပြီနော် Angry pig "
"ယိ့ကိုကြေ ငုံးကောင် Grr!!! "
ဒေါသထွက်လာတဲ့ရိပေါ်က တကယ့်Angry pigပါဆို...
နောက်ထပ် ခေါင်းအုံးပျံတွေ၊ရေခရားပျံတွေ ၊နာရီပျံတွေရောက်မလာခင် အခန်းထဲ အပြေးထွက်လာရတယ်။
ဒီကောင်က ပြောရဆိုရတဲ့အမျိုးမဟုတ်ဘူးရယ်.. တစ်ခုခုမလုပ်ရရင် အခန်းထဲက ပစ္စည်းတွေ ပေါက်ခွဲနေလိမ့်မည်၊ သို့အတွက် သူအမြန်ပြေးရလေတော့သည်။
________
ခေါင်းမာတဲ့ရိပေါ်က ကလေးကို လက်ထဲက မချ အခုလည်း အပန်းဖြေအိမ်လေးထဲမှာ ကလေးကို တီတီတာတာပြောလို့ မြူနေလေရဲ့။
DU LIEST GERADE
" Chocolate & Angry pig " ✓𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✓
FanfictionXiaoZhan×WangYibo=XiaoWangYiZhan(Wang Xiao ZhanYi)