- အတိတ် (သို့မဟုတ်) နာကျင်မှုတွေရှိတဲ့နေရာ
လူတစ်ယောက်ရဲ့နာကျင်မှုအများဆုံးမှတ်ဉာဏ်ကိုပြန်လည်နှိုးဆွနိုင်ရင် အဲ့လူရဲ့အတိတ်ကိုပြန်လည်မှတ်မိစေနိုင်တယ်။နာကျင်မှုအများဆုံးမှတ်ဉာဏ် ထိခိုက်ဒဏ်ရာရမှုကိစ္စနဲ့ပက်သက်ပြီးတော့ နာကျင်ရတယ်လို့ခေါ်လေ့မရှိဘူး။နှလုံးသားထဲမှာစွဲထင်ပြီး နာကျင်ရတာမျိုးကိုခေါ်တယ်။ချစ်ရတဲ့လူတစ်ယောက်ကို ကိုယ့်ရှေ့တင် ကြိုးစင်တက်ခိုင်းရင်ရော? ဒါကနာကျင်မှုမှတ်ဉာဏ်ပဲမဟုတ်လား။ချစ်ရသူကိုကြည့်နေတဲ့သူနဲ့ ချစ်ရသူ
ဘယ်သူက ပိုနာကျင်လိမ့်မလဲ။"တို့ကို ရှင်မကြောက်ဘူးလားဟင် "
"အင်း ကျွန်မရှင့်ကိုမကြောက်တော့ပဲ
ရှင့်အကြောင်းကိုပိုသိချင်လာတာလေ ""အိမ်မက်ထဲကအကြောင်းတွေကိုရောမှတ်မိရဲ့လား"
"အကုန်မမှတ်မိရင်တောင် ကျွန်မကိုနမ်းခဲ့တဲ့ကိစ္စကိုမှတ်မိတယ်"
အိုင်ရင်းခပ်သဲ့သဲ့ပြုံးပြီးရှေ့ဆံပင်လေးကိုဖွဖွလေးသပ်တင်သည်။
ထိကြည့်ချင်တယ်။ဆွန်း၀မ်လေ အဲ့အရှေ့ဆံပင်လေးကိုသိပ်ထိကြည့်ချင်တာပဲ။"တို့ရှင့်ကို အိမ်မက်ထဲမှာပဲထိလို့ရတာ အပြင်မှာကျ.."
"ဟို animeဇာတ်ကားထဲကလို လူသားတွေနဲ့ထိလိုက်ရင်ပျောက်ကွယ်သွားမှာလားအဲ့လိုလား"
"Animeဆိုတာ ဘာလဲမသိပေမဲ့ ရှင်ပြောတဲ့ဟာ ကြည့်တာလျှော့သင့်ပြီ"
ဘာပါလိမ့်။ဒီခေတ်ကလေးတွေက ဇာတ်ကားထဲကအတိုင်းဖြစ်မယ်ထင်နေလားမသိ။အိုင်ရင်းလည်းအဲ့လိုပြောလိုက်တော့ ဆွန်း၀မ်ရဲ့ နှုတ်ခမ်းဖူးဖူးလေးကသိသိသာသာထော်လာတာ။အိုင်ရင်းရှေ့တိုးမိပြီး ဆွန်း၀မ်မျက်နှာရှေ့ကိုရောက်တယ်။ထိတွေ့ဖို့လုပ်လိုက်ပေမဲ့ မဖြစ်။ဆွန်း၀မ်နာကျင်ရလိမ့်မယ်။
"ဘယ်လောက်ကြာပြီလဲ ဒီမှာနေတာလေ"
"ရာကျော်ပြီလို့ပြောရင်ယုံမလား"
"အိုး ကျွန်မထက်အများကြီးကြီးတာပဲ"
အိုင်ရင်းနဲ့ဆွန်း၀မ်တို့ရဲ့ကြားကလေထု။
သိသိသာသာအေးစက်သွားခဲ့တာ။
တစ်ယောက်နဲ့တစ်ယောက်စကားပြောရမှာများရှက်နေကြသလား။
အဲ့အေးစက်ပြီးတိတ်ဆိတ်နေတဲ့လေထုကို ဆွန်း၀မ်ကပဲ စတင်ဦးဆောင်ပြီးဖြိုခွဲလိုက်တယ်။
YOU ARE READING
The story of 1850
Historical Fictionအဲ့သလိုဖြစ်မယ်မှန်းသာသိရင် ကျွန်မရှင့်ပါးကိုဖွဖွလေးနမ်းလိုက်ပါရဲ့ ဟေသာ