"အရှင် တစ်ဖနီဟာရိုးမျိုးရိုးက အခစား၀င်လာပါတယ်"
ဆမ် သေရည်ခွက်ကို ဘေးမယ်ချထားပြီး ကျွန် တော်ကိုပြန်ပြောဖို့လုပ်လိုက်တယ်။
"မျက်လွှာချပြီး၀င်ခဲ့ချေလို့ပြောလိုက်"
သောက်လက်စသေရည်ခွက်ကိုပြန်ကိုင်ပြီး ဂရုမစိုက်ဟန်နဲ့ဆက်သောက်နေလိုက်တယ်။ဆမ်..ဆမ်ဝိတ်စလစ်။ဘုရင်ခံဖြစ်ပြီးစောက်သုံးမကျတဲ့ကောင်လို့ကိုယ့်ကိုပဲကျိန်ဆဲနေမိတာအမှန်။
"အရှင် ၀င်ဒီ အခစား၀င်ပါတယ်"
အာရုံတွေကိုသေရည်ခွက်ကနေ ဟာရိုးမျိုးရိုးကသမားတော်ဆီအရောက်ပို့လိုက်တယ်။ဒီနယ်ပယ်မှာဆိုဟာရိုးမျိုးရိုးက ဆေးပညာအရပ်မှာအတော်ဆုံးဖြစ်တယ်။ဆိုဗီယက်တွေနယ်ချဲ့တာလုပ်လာကြတဲ့အတွက် ဘုရင်ကိုယ်တိုင်ကလည်းစိတ်ညိုတော်မူနေတယ်။ဒီနယ်ပယ်ကိုသာနယ်ချဲ့ရင် သေနတ်တောင်ဖောက်စရာမလိုပဲ သူတို့ကသိမ်းခံမှာ။ဘာလို့ဆို ဒီနယ်ပယ်ကကောင်တွေက ဘုရင်ခံ ဆမ်ဝိတ်စလစ်ကိုသိပ်မုန်းကြတာကိုး။
"၀င်ဒီ ငါမင်းကိုရိုမေးနီးယားပြည်နယ်ဘက်က ငါ့ဇနီးလောင်းဆီသွားစေချင်တယ်"
"သိပ်ဝေးနေတဲ့နေရာပဲ အရှင် ဘာလို့များ၀င်ဒီကိုရွေးချယ်သလဲ"
ဆမ့်ရင်ခွင်ကိုခိုလှုံချင်တဲ့အမျိုးသမီးတွေအများကြီး။
ကိုယ်ကိုယ်တိုင်လည်းလျော့တွက်ပြီး ဟေသာမျိုးရိုးကဟာမကို
ရင်ငွေ့လှုံဖို့ဖိတ်ခေါ်တာတောင်ပုန်ကုန်ပြီး ငြင်းသတဲ့။ကိုယ့်အမှူထမ်းရှေ့မှာပြောရမှာတောင်ရှက်တယ်။"အိုင်ရင်းဟေသာတဲ့ ငါနဲ့လက်ထပ်ဖို့လုပ်နေတဲ့မိန်းကလေး
မနေ့ကကိုယ့်ကိုသတ်သေဖို့ကြိုးစားတယ်လို့ငါသိရတယ်""..."
"သစ္စာခံအမှုထမ်းတွေထဲမှာ ဂျူးလူမျိုးဖြစ်တဲ့ ဟာရိုးမျိုးရိုးက သစ္စာတော်အခံယူထိုက်ဆုံးဆိုတာလည်းငါသိရတယ် ဒါကြောင့် ငါ့အတွင်းရေးကိစ္စကိုလုပ်ပေးနိုင်မလား ၀င်ဒီတစ်ဖနီဟာရိုး"
"အမိန့်တော်အတိုင်း မနက်ဖြန်စောစောသာ ခရီးဆက်ပါမယ်အရှင်
သူ့ကို ကျွန်မဘယ်လိုပေးရမလဲသာသိချင်ပါတယ်"
YOU ARE READING
The story of 1850
Historische Romaneအဲ့သလိုဖြစ်မယ်မှန်းသာသိရင် ကျွန်မရှင့်ပါးကိုဖွဖွလေးနမ်းလိုက်ပါရဲ့ ဟေသာ