"မစ္စတစ်ဖနီဟာရိုးကို သခင်ကြီးအခေါ်တော်လွှတ်လိုက်ကြောင်းပါရှင့်"
အခန်းထဲရောက်ပြီးများမကြာခင်ပင်
မိန်းကလေးခပ်ငယ်ငယ်တစ်ယောက်၀င်လာခဲ့သည်။အမှန်သဘောရိုးနဲ့ဆိုရမယ်ဆို အဲ့မိန်းကလေး၀င်လာမှ၀င်ဒီအသိစိတ်ပြန်ကပ်တာ။တချိန်လုံးမျက်၀န်းရှေ့ကခမ်းနားတဲ့ဟေသာနွယ်ကိုငေးနေမိတာပဲ။"ကျွန်မလာခဲ့ပါ့မယ်လို့ပြောပေးပါ"
အာရုံလွှဲခွင့်ပေးတဲ့မိန်းကလေးပြန်ထွက်သွားတော့ အာရုံတွေအကုန်လုံးကိုမျက်၀န်းရှေ့ကဟေသာနွယ်ဆီထပ်မံအပ်နှံလိုက်သည်။သူကဘာမှမပြောတော့ ၀င်ဒီအနေနဲ့ဘာပြောရမှန်းမသိဘူး အပြင်ဘက်ပြတင်းပေါက်ကိုပဲကြည့်နေပြီးဘားမမှမပြောတာ ၀င်ဒီဘာသွားပြောရမှာတုန်း။
ဒါပေမဲ့ ကိုယ်တိုင်က ဟေသာနွယ်ထပ်နှိမ့်ကျတဲ့မျိုးရိုးကလာတဲ့အတွက် သိက္ခာတွေနဲ့ကြောက်စိတ်တွေကိုခဝါချပြီးစကားတစ်ခွန်းပြောလိုက်တယ်။
"မဂ်လာပါရှင်"
*၀င်ဒီ!!! ဒါဘယ်လိုမလှတဲ့နိဒါန်းမျိုးကြီးတုန်း အဲ့အစား စကားအလှလေးတွေတစ်ခုခုသုံးသင့်တာကို*
"မဂ်လာမရှိပါဘူး"
ကိုယ့်ကိုအပြစ်တင်လို့မပြီးခင် အားနည်းပြီးတိုးလျတဲ့အသံက ရှေ့တည့်တည့်ဟေသာနွယ်ဆီကထွက်ပေါ်လာခဲ့တယ်။
ဒါဖြင့် သူနဲ့တွေ့ရတာမဂ်လာမရှိပါဘူးလို့ပြောလိုက်တာလား။"ဟို ကျွန်မက သမားတော်၀င်ဒီလို့ခေါ်ပါတယ်
ဘုရင်ခံဆမ်က ဒီကသခင်မလေးအိုင်ရင်းအတွက် အနီးအနားမှာနေပြီးကျန်းမာရေးအထူးဂရုစိုက်ဖို့ လွှတ်လိုက်ကြောင်းပါ""သိတာမို့ စကားမပြောပဲနေတော့"
"ဟင်"
ဒါဘယ်လိုယဉ်ကျေးမှုမရှိလိုက်လေခြင်းလဲ မသိရင်၀င်ဒီကပဲအရမ်းတွေလာချင်နေတဲ့ပုံနဲ့လေ ကိုယ်ကလည်းသူတို့ထက်နှိမ့်ကျတဲ့မျိုးရိုးကပေမဲ့ ဒီနယ်ပယ်မှာတော့ ခမ်းနားတဲ့တစ်ဖနီဟာရိုးမျိုးရိုးပါပဲ။
အစကတော့ ကိုယ်လက်သန့်စင်ပြီးမှသွားမလို့ပဲအခုတော့ ဒီအခန်းလေးထဲမှာ တစ်စက်ကလေးမှမနေချင်တော့ဘူး။ခပ်ဆတ်ဆတ်ပြန်ပြောပြန်ရင်လည်း၀င်ဒီလွန်ရာကျအုန်းမယ်ရှင်။ဆက်နေရင်ပါးစပ်ကထွက်လာတော့မှာမို့အမြန်ပဲရှောင်ပြေးလိုက်တယ်။
YOU ARE READING
The story of 1850
Historical Fictionအဲ့သလိုဖြစ်မယ်မှန်းသာသိရင် ကျွန်မရှင့်ပါးကိုဖွဖွလေးနမ်းလိုက်ပါရဲ့ ဟေသာ