Chapter-19

12.9K 1.8K 84
                                    

~Unicode~

အဆုံးတွင်တော့ ရှန်ထင်ဝေ့မှာ ထိုဈေးကြီးလှသော ကြင်နာမှုအား စိတ်ရှင်းရှင်းဖြင့် လက်မခံနိုင်ခဲ့ ။ ရှန်ထင်ဝေ့က သူ၏အခန်းဖော်ထံမှ ဖုန်းငှားလိုက်ပြီးနောက်တွင် customer အားဆက်သွယ်လို့ရမည့် နံပါတ်အား တောင်းယူလိုက်ပြီး ချန်နျင်းရွှယ်ထံ ဖုန်းဆက်လိုက်ပါ၏ ။

အချိန်အတော်ကြာ စောင့်လိုက်ရပြီးနောက်တွင် တစ်ဖက်လူက ဖုန်းဖြေလာခဲ့ပြီး ချန်နျင်းရွှယ်၏အသံမှာ ယမန်နေ့တုန်းကလိုမျိုး နူးညံ့မနေခဲ့ပါချေ ။ အနည်းငယ်မျှ မြန်နေသော အသံနှုန်းတို့က သူမ၏ ဆိုးရွားနေသော စိတ်အခြေအနေအား ဖော်ပြနေလျက်သား ။

" ဘယ်သူလဲ ?"

" ချန်မိန်းကလေး ?" ရှန်ထင်ဝေ့က တစ်ခနမျှ တန့်သွားလေသည် ။

" ကျွန်တော်က မနေ့တုန်းက Trampoline ပန်းခြံက ခင်ဗျားရဲ့ လည်ဆွဲကို ကူရှာပေးတဲ့တစ်ယောက်ပါ "

တစ်ဖက်လူက တစ်ခနမျှ တိတ်ဆိတ်သွားပြီး သူ့အား မှတ်မိသွားပုံပေါ်ကာ အသံကလည်း အနည်းငယ်မျှ နူးညံ့သွားခဲ့‌သည် ။

" ဟယ်လို... ဘာကိစ္စရှိလို့ပါလဲ ?"

" ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဆီကနေ ကြားခဲ့တာ... ဒီနေ့ ဒီမှာ ကဒ်တစ်ခု လုပ်သွားတယ်ဆိုလို့.. "

ရှန်ထင်ဝေ့က ပြောနေခဲ့ချိန်တွင် ဖုန်းတစ်ဖက်ခြမ်းမှ အော်ဟစ်လိုက်သံတစ်ခုနှင့် ချန်နျင်းရွှယ်ကလည်း ဖုန်းအား နားမှခွာလိုက်ပြီး စိတ်မရှည်လက်မရှည်ဖြင့် ပြန်အော်လိုက်သံတို့အား ကြားလိုက်ရပါ၏ ။ ထို့နောက်တွင် သူမက ဆက်မေးလာသည် ။

" ဘာကဒ်လဲ ?"

" လျန်ခမ်းထုန်ဆိုတဲ့ နာမည်နဲ့ နေ့လည်ခင်းတုန်းက စာရင်းသွင်းသွားတဲ့ မန်ဘာကဒ်ကို ပြောတာပါ "

ချန်ချူလျန်က ချန်နျင်းရွှယ် ထမင်းစားပွဲသို့ လာရန်အတွက် အစေခံများစွာအား ဆက်တိုက်လွှတ်နေလျက် လောဆော်နေခဲ့သည် ။ ချန်နျင်းရွှယ်က တဖြည်းဖြည်းနှင့် ဒေါသထွက်လာခဲ့လေသည် ။ ယခုကိစ္စကလည်း ထုန်ထုန်က ထိုကစားကွင်းအား သဘောကျ၍ နောက်တစ်ကြိမ်ထပ်သွားရန် ပူဆာလိုက်သောကြောင့် လျန်ကျွယ်က တစ်ခုခုလုပ်လိုက်ခြင်းမျိုး ဖြစ်နိုင်လေရာ သူမက ဂရုစိုက်မနေခဲ့ ။ ထို့ကြောင့် ယဉ်ကျေးစွာပင် ဖြတ်ပြောလာသည် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now