Chapter-35

14.7K 1.9K 63
                                    

~Unicode~

ယခုတစ်ပတ်၏ ကျန်းမာရေးဆေးစစ်မှုမှာ ခါတိုင်းအချိန်များထပ် အနည်းငယ်မျှ ပိုကြာနေခဲ့သည် ။

လျန်ကျွယ်မှာ ရှန်ထင်ဝေ့အား ဗီလာထဲတွင်သာ စစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် စစ်ဆေးသည့် စက်ပစ္စည်းကိရိယာများ အစုံအလင်ပါဝင်သော အခန်းတစ်ခုအား အထူးတလည် ပြင်ဆင်ပေးထားခဲ့သည် ။ ရှန်ထင်ဝေ့က စစ်ဆေးသည့်ကုတင်ထက်၌ လှဲလျောင်းနေရင်း သူ၏နှလုံးခုန်သံတို့မှာလည်း အတော်လေး မြန်ဆန်နေသည် ။

ရှန်ထင်ဝေ့မှာ မစောင့်နိုင်တော့ပါပဲ ဆရာဝန်အား တတိယအကြိမ်မြောက် ထပ်မေးလာသည် ။

" မြင်ရပြီလားဟင် ?"

ဆရာဝန်က ကူကယ်ရာမဲ့စွာ ပြုံးပြလာသည် ။

" ခနလေးပါ... အရမ်းကြီး စိတ်မပူပါနဲ့... လကလည်း တအားနည်းနေသေးပြီး ခင်ဗျားရဲ့ခန္ဓာကိုယ်ကလည်း ပိန်နေတာဆိုတော့ သန္ဓေသားကလည်း သေးနေသေးတာက ပုံမှန်ပါပဲ... အဲ့တာကြောင့် တည်နေရာရှာရတာ နည်းနည်းလေးကြာနေတာပါ "

ရှန်ထင်ဝေ့မှာ ဆက်လက်စောင့်နေရန်သာ တတ်နိုင်နေခဲ့လျက် စိုးရိမ်တကြီး မေးလာသည် ။

" ကျွန်တော် တအားပိန်နေတာက ကလေးကို ထိခိုက်စေနိုင်လား ?"

" မထိခိုက်စေပါဘူး... တစ်ချို့လူတွေက ဘယ်လောက်စားစား ဝမလာတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံမျိုး ရှိတတ်ကြတာပါပဲ... အာဟာရမျှတနေသ၍ အဆင်ပြေပါတယ် "

ဆရာဝန်က စက်၏မော်နီတာအား စိုက်ကြည့်နေရင်းနှင့် ရှန်ထင်ဝေ့၏ စိုးရိမ်ပူပန်မှုများအား ပြေလျော့သွားစေရန် စကားပြောပေးနေသည် ။

" ဒီနောက်ပိုင်း အန်သေးလား ?"

" နည်းနည်းတော့ သက်သာလာပါပြီ " ရှန်ထင်ဝေ့က ပြန်ဖြေသည် ။

" တစ်ခါတစ်ခါကျရင်တော့ တအားပင်ပန်းတယ်လို့ ခံစားရတယ်... အားအင်တွေအကုန် ဆုတ်ယုတ်သွားသလိုမျိုးပဲ "

" အရမ်းအိပ်ချင်လာတာ ဟုတ်တယ်မလား ? အဆင်ပြေပါတယ်... အဲ့တာက ပုံမှန်ပါပဲ " ဆရာဝန်က ပြောသည် ။

" နောက်ပိုင်းကျ ခေါင်းမူးခေါင်းကိုက်တာမျိုးတွေလည်း ရှိလာနိုင်တယ်... များများအနားယူဖြစ်ဖို့ကိုပဲ ဂရုစိုက်ပါ "

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now