4

329 46 1
                                    

"ဘုတ်"

"အမလေး"


"မင်းတို့နှစ်ယောက်က ဒီမှာလာမြိုစွတ်နေတာကို ငါကတော့ မင်းတို့နှစ်ယောက် စာတွေကိုကူးပေးထားရတာ ဟွန့်"



"ဟီး......မဟုတ်ပါဘူး ဘတ်ခ်ဟွန်းရာ.."


ဘတ်ခ်ဟွန်း ဂယောင်ဆူးရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီး




"ဘယ်မှာလဲ ငါအတွက်"




"ငါတို့ကျန်ရင် စားရမှာပေါ့"




"ဘာ!"



"ဟို..ငါတို့မှားထားတာ ကျန်သေးတယ်လို့ပြောတာ ဟီး..."

ဘတ်ခ်ဟွန်း ဂယောင်ဆူးကိုမျက်စောင်းထိုးလိုက်ပြီး ဂယောင်ဆူး အရှေ့မှာထိုင်နေတဲ့ချန်းယောလ်ကိုမကျေမနပ်ကြည့်လိုက်သည်



"ပတ်ချန်းယောလ်ရှီး ဂယောင်ဆူး ကျောင်းမလာတာနဲ့မင်းက ဘာလို့မလာတာလဲ ပြောပါအုန်း"




"ပျင်းလို့ "




"ဘာ"



ဘတ်ခ်ဟွန်း ဒေါသထွက်သွားပြီး ချန်းယောလ်ကိုပြောမလို့ပြင်နေတုန်း မှာထားတဲ့အစားအသောက်တွေလာချပေးတော့ ပါးစပ်ကအော်တိုပိတ်သွားသည်



ဂယောင်ဆူး အရှေ့ကအစားအသောက်တွေမြင်ပြီး မျက်လုံးလေးတွေကဗလင်းဗလင်းအရောင်တောက်လာသည်




ချန်းယောလ်ကတော့ ဂယောင်ဆူးရဲ့ချစ်စရာပုံစံလေးကိုမလွှတ်မတမ်းလိုက်ကြည့်နေသည် ။ စားလိုက်ရင်ပါးလေးကဖောင်းသွားပြီး တမြုံမြုံနဲ့စားနေသည် ။ နှုတ်ခမ်းမှာလဲအဆီလေးတွေဝင်းနေသည် ။ ဆွဲနမ်းလိုက်ရင်တော့ ....




ဂယောင်ဆူး သူ့အရှေ့ကချန်းယောလ်ကိုကြည့်လိုက်တော့ မစားဘဲသူ့ကိုစားမတက်ဝါးမတက်ကြည့်နေသည် ။ ဂယောင်ဆူးလဲရှက်ရှက်နဲ့ ဘဲငုံ့စား​နေလိုက်သည်



"ချန်းယောလ် မင်းမစားဘူးလာ"



"အွန်း"



"ငါကိုလဲပေး ငါကိုလဲ​ပေး ထည့်ပေးအုန်း"



ဘတ်ခ်ဟွန်း သူကိုမေးတော့မေးသည် ဘာမေးမှန်သူမသိလိုက်ဘူး ။ ဂ​ယောင်ဆူးကို​​ကြည့်​နေတာကြောင့် အင်းလို့တာ​ဖြေလိုက်သည် ။ ခဏနေတော့ လုနေတဲ့အသံကြားမှအသိဝင်တော့သည် ။ ကြည့်လို့တော့ ဂယောင်ဆူး နဲ့ ဘတ်ခ်ဟွန်း ကသူ့ပန်းကန်ကိုလုနေကြသည် ။ ချန်းယောလ်က​တော့မနက်စားငတ်သွားသည်



🐯 မတည့်အတူနေ🐧Where stories live. Discover now