5

310 45 2
                                    

"အား"

"ဒိုဂယောင်ဆူး မင်း"

ဂယောင်ဆူး ချန်းယောလ်လက်ကို ကုန်းကိုက်လိုက်တာဖြစ်သည်

"လွှတ်ပေးလိုက်ပါချန်းယောလ်ရာ ဂယောင်ဆူးလက်နာနေလောက်ပြီး.။ ဘာဖြစ်ကြတာလဲ အေးအေးဆေးဆေး ဆွေးနွေးကြပါကွာ မင်းတို့ကလဲ"

ချန်းယောလ် ဂယောင်ဆူးလက်မောင်းကို ဖြေ​လျော့လိုက်ပေးမဲ့ ဖွဖွလေးကိုင်ထားဆဲ​ဖြစ်သည်

"တောင်းပန်ပါတယ် အချစ် ကိုယ့်...."

"အီးဟီး... မကောင်းတဲ့ကောင် သူလက်မဟုတ်တိုင်း သူများလက်ကို မင်းကို မားမားပတ်နဲ့တိုင်ပြောမယ် အီးဟီး.. ဟင့်"

ချန်းယောလ် ဂယောင်ဆူး လက်မောင်းလေးကိုဖွဖွလေးပွတ်သပ်ပေးလိုက်ရင်.....

"ဟုတ်တယ်ကိုယ့်က မကောင်းတဲ့ကောင် အချစ်ကိုနာကျင်အောင်လုပ်မိပြီး အချစ်မကျေနပ်ရင်ကိုယ့်ကို အချစ်ကျေနပ်တဲ့အထိရိုက်နှိက်လို့ရတယ်နော်"

"မလုပ်ချင်ပါဘူး ...ဟင့်...ငါ မင်းကိုလုပ်ရင် ..ဟင့်...မင်းနာသွားမှာပေါ့..ဟင့်"

ချန်းယောလ်မှာ အချစ်ကိုသနားလဲသနားတယ် အချစ်လဲပိုရပြန်တယ် ။ သူနာမှာ​ကြောက်လို့တဲ့လေး

ဘတ်ခ်ဟွန်း အကဲပိုနေတဲ့နှစ်ယောက်ကိုကြည့်လိုက်ပြီး မျက်နှာကရှုံ့မဲ့ထားလိုက်သည် ။ ခုနကသူတို့နှစ်ယောက်မဟုတ်တဲ့အတိုင်းပဲ ။ ဘတ်ခ်ဟွန်း ထိုင်ခုံတစ်လုံးကိုဆွဲယူလိုက်ပြီး ထိုင်ခုံမှာထိုင်လိုက်ပြီး ချန်းယောလ် နဲ့ ဂယောင်ဆူး ကိုသူ့တို့နေရာမှာထိုင်ခိုင်းလိုက်ပြီး..တရားသူ​ကြီးစတိုင်းနဲ့ မေးခွန်းထုတ်တော့သည်




"ပြောပါအုန်း ဘယ်ကနေဘယ်လို့ဖြစ်ကြတာလဲ"


ဂယောင်ဆူးက ချန်းယောလ်ဘက်ကိုလှည့်လိုက်ပြီး..

"ငါ့ဘာသာနေနေတာကို သူအရင်ရန်လာစတာ"



ဘတ်ခ်ဟွန်းက တရားသူကြီးစတိုင်းနဲ့ခေါင်းညိတ်လိုက်ပြီး..ချန်းယောလ်ကို စစ်ဆေးတော့သည်


"ပြောပါအုန်း ပတ်ချန်းယောလ်က ဘာကြောင့် ဂယောင်ဆူးကို ဒီလိုလုပ်ရတာလဲ "


🐯 မတည့်အတူနေ🐧Where stories live. Discover now