"ဒိုဂယောင်ဆူး ဒီကိုလာခဲ့စမ်း"
"မလာဘူး..မလာဘူး"
"အေး...နင် မလာရင် ငါလာမယ်"
"ယောလ်လီ ကယ်ပါအုံး "
ဂယောင်ဆူး မှာ မားမားလိုက်ရိုက်နေလို့ ထွက်ပြေးနေရသည် ။ ယောလ်လီ နဲ့ မားမားပတ်က မားမားကို ဝင်ထိန်းနေရသည် ။ မားမားအကြောင်းကို သူ့အသိဆုံး မိသွားလို့ကတော့ လမ်းလျှောက်နိုင်မှာ မဟုတ်တော့ဘူး ။ အမိတော့မခံနိုင်ပါဘူး မိသွားရင် အရိုက်ခံရမှာပေါ့..
"ဒိုဂယောင်ဆူး နင်လာနော် အခု..."
ဂယောင်ဆူး ချန်ယောလ်နောက်မှာ ဝင်ပုန်းနေတာဖြစ်သည် ။ မားမားက ဒေါသသကြီး တုတ်ကြီး တရမ်းရမ်နဲ့ ခေါ်နေသည် ။ မားမားပတ်ကလည်း မားမားကိုချော့မော့ပြီး ပြောနေသည် ။ သူ့ကိုတော့ ချန်းယောလ်က အရိုက်မခံရအောင် ကွယ်ပေးထားသည်
"ညီမရယ် စိတ်လျော့ပါ ကလေးပဲကို တစ်ခါတစ်လေးတော့ ဆိုးမှာပေါ့ "
"အမ မသိလို့နော် အဲ့ကောင်လေးကို အလိုလိုက်ထားလို့ တော်တော်ဆိုးနေတာ ။ အခုကလည်း တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ်နဲ့ ကြာရင် ညီမလည်း သွေးတိုးတော့မယ် "
မားမားက သူ့ကို စိတ်ပျက်လက်ပျက်ကြည့်နေပြီး ညီးညူးနေသည်
"ဒိုဂယောင်ဆူး "
"ဂျာ...အဲ့..ဗျာ "
"ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေနော် ။ နောက်ခါဆိုလို့ကတော့ သိတယ်မှတ်လား "
"ဟုတ်မား"
မားမားက တုတ်ကြီး နဲ့ ခြိမ်းခြောက်သွားသည် ။ မားမား အိမ်ထဲဝင်မှ အသက်ရှုချောင်တော့သည် မားမားပတ်ကတော့ မားမားနဲ့အတူ အိမ်ထဲ ဝင်သွားသည်
"အဆိုးလေး ငါးကြော်တွေ ခိုးစားပြန်ပြီးလား"
ဂယောင်ဆူး နှုတ်ခမ်းလေးဆူလိုက်ပြီး...
"ငါမခိုးစားပါဘူး သူ့တို့က ငါ စားချင်အောင် ဆွဲဆောင်နေတာကို တစ်ခုယူစားလိုက်တာ အရသာရှိတာနဲ့ စားရင်အချိန်တက်သွားတော့ကုန်သွားကော.ဟီး"
YOU ARE READING
🐯 မတည့်အတူနေ🐧
Romanceဂယောင်ဆူး မင်းသိလား ငါအခုလို့တွေလုပ်နေတာ ဘာကြောင့်လဲဆိုတာ အဲ့တာ မင်းကိုချစ်နေလို့ဘဲ Chansoo