ဂယောင်ဆူး ချန်းယောလ်ကို ကြည့်နေတုန်း ချန်းယောလ်လက်က သူမျက်နှာကိုလာကိုင်တာကြောင့် ကြောင်ပြီးကြည့်နေမိသည် ။ ပြီးတော့ ချန်းယောလ်က သူ့နှုတ်ခမ်းကိုပွတ်ဆွဲလိုက်တော့ ဂယောင်ဆူးကြက်သီးမွှေးညင်းထသွားသည် ။ နောက်တော့ သူ့နှုတ်ခမ်းနဲ့ချန်းယောလ် နှုတ်ခမ်းတွေကထပ်တူကျသွားသည် ။ ဂယောင်ဆူး နှလုံးကအခုန်မြန်လာသည် ။ ဂယောင်ဆူးလည်း စိတ်ပါလာတာကြောင့် ချန်ယောလ်အနမ်းတွေကိုတုံပြန်မိလိုက်သည်
ဂယောင်ဆူး သူ့ကိုပြန်နမ်းလာတာကြောင့် ချန်းယောလ်ပျော်သွားသည် ။ အနည်းဆုံးတော့ သူ့အထိုးခံရမယ်လို့ ထင်ထားခဲ့တာ ။ တစ်ဖြေးဖြေး ချန်းယောလ် နမ်းနေရင် စိတ်ပါလာတာကြောင့် ဂယောင်ဆူး ကျောပြင်တွေကို ပွတ်သပ်လိုက်မိသည် ။ ချန်းယောလ် ဂယောင်ဆူးကို ပွေ့ချီလိုက်ပြီး စာပွဲခုံပေါ်တင်ပေးလိုက်သည် ။ ချန်းယောလ် ဂယောင်ဆူး ခန္တာကိုယ်ကိုပွတ်သပ်နေရင် ဂယောင်ဆူး လည်ပင်းဖွေးဖွေးလေးကို ကိုက်ဆွဲလိုက်တော့ ဂယောင်ဆူးရှိက ညီးသံတိုးတိုးလေးထွက်လာသည် ။ ချန်းယောလ် ဂယောင်ဆူးကိုကြည့်လိုက်တော့ သူ့ကိုရီဝေဝေကြည့်နေသည်ချန်းယောလ် ဂယောင်ဆူးနှုတ်ခမ်းလေးကို ထပ်နမ်းလိုက်သည်
*ဒေါက်....ဒေါက်...ဒေါက်*
"ဘုတ်"
"အာ့"
အသံက ချန်းယောလ်ရှိကထွက်လာတာဖြစ်သည်သူ့ကို ဂယောင်ဆူးက ကန်လိုက်တာဖြစ်သည်
ဂယောင်ဆူး တံခါးခေါက်သံကြောင့် ချန်းယောလ်ကိုယောင်ရမ်းပြီး ကန်လိုက်မိတာဖြစ်သည် ။ ဂယောင်ဆူး ပြီးမှချန်းယောလ်ကိုပြေးထူးရသည်
"ယောလ်လီ ငါတောင်းပန်ပါတယ် ဟို..."
"ရပါတယ် ချစ်ရယ်"
ချန်းယောလ် ခါးနာသွားပေးမဲ့ အချစ်စိုးရိမ်မှာကြောက်လို့ ဘာမှမဖြစ်သလို့ ပြုံးပြလိုက်သည်
"သားယောလ်"
ချန်းယောလ် အချစ်ကိုကြည့်လိုက်တော့ မျက်နှာကရဲနေသည် ။ သူ့ကလည်း ဟိုကုပ်လိုက်ဒီကုပ်လိုက်ဖြစ်နေသည် ။ အခုကြတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှက်နေကြသည်
YOU ARE READING
🐯 မတည့်အတူနေ🐧
Romanceဂယောင်ဆူး မင်းသိလား ငါအခုလို့တွေလုပ်နေတာ ဘာကြောင့်လဲဆိုတာ အဲ့တာ မင်းကိုချစ်နေလို့ဘဲ Chansoo