ပင်လယ်ပြာမှာလက်တွေကိုသာရုန်းနေမိတယ်။ဒွန်းကိုအားနာသလိုကြည့်ကာ စကားပြောရင်အားယူလိုက်တယ်။ ဖြစ်ချင်ရာဖြစ်ဆိုကာ.......
"ဟင့်အင်း.......လက်မထက်နိုင်ဘူးဒွန်း မင်းနဲ့ငါကယောကျာ်းလေးတွေလက်ထက်ဖို့အတူနေဖို့ကမဖြစ်နိုင်ဘူး"
ပင်လယ်ပြာရဲ့မျက်လုံးတွေစေ့စေ့ကြည့်နေတဲ့ဒွန်း ငြင်းဆိုသံကိုကြားရတဲ့အခါဒွန်းရင်မှာဝမ်းနည်းမှုတွေလှိုက်တက်လာတယ်။ပင်လယ်ပြာလက်ခံမယ်လို့သူထင်ခဲ့တာ...ခုတော့ထင်တာနဲ့တခြားဖြစ်နေပြီ။
"Pourquoi pas? Je t'aime. Je veux me marier. Il n'y a que des homosexuels de nos jours. Pourquoi refuses-tu?"
(ဘာလို့မဖြစ်ရမှာလဲ? မင်းကိုကြိုက်တယ် လက်ထက်ချင်တယ် အခုခေတ်မှာ လိင်တူချစ်သူတွေရှိတာပဲ မင်းဘာလို့ငြင်းတာလဲ)"Don! Comprenez que je ne peux pas vous crer une famille heureuse"
(ဒွန်း! ငါ မင်းကို ပျော်ရွှင်တဲ့ မိသားစုဖြစ်အောင် မပေးနိုင်ဘူးဆိုတာ နားလည်စမ်းပါ)"je t'aurai dans une semaine"
(တစ်ပတ်အတွင်း မင်းကို ငါရအောင်ယူပြမယ်)ဒွန်းထိုနေရာကထွက်လာခဲ့တယ်။ဦးတည်ရာကclubတခုကိုပင်။ ပင်လယ်ပြာမှာဒွန်းပြောတာတွေပြန်ကြားပြီး အဆမတန်ရင်ခုန်သလိုအရမ်းလည်းကြောက်တယ်။ဒွန်းကိုကြည့်တာနဲ့သူကလိုချင်တာကိုရအောင်ယူမယ်ဆိုတာသူသိတယ်။
သူခုဘာလုပ်ရမှာလဲ အိမ်ပဲပြန်ရမလားဒွန်းကိုပဲရှာရမလား။အိမ်ပြန်ရင်ကျိန်းသေအမကသူ့ကိုတခုခုလုပ်မှာသိနေတယ်။ဒွန်းကိုရှာရင်ရော်........။လောလောဆယ်မှာအမနဲ့ဒွန်းစေ့စပ်ပွဲဖျက်သွားတော့ဧည့်သည့်တွေကိုခါးကျိုးမတက်တောင်းပန်ခဲ့ရတယ်။
လူလည်းပင်ပန်းနေသလိုစိတ်လည်းအရမ်းပင်ပန်းနေပြီ။ခုချိန်ရေအေး"လေးချိုးပြီးအိပ်ယာထဲမှာလှဲကာ တစ်ဝကြီးအိပ်ချင်တာပဲသူသိတယ်။ သိုပေမဲ့သူတွေးသလိုဖြစ်မလာ။အိမ်ထဲဝင်တာနဲ့ပြင်းလွန်းတဲ့ရိုက်ချက်ကိုသာ ပထမဆုံးခံခဲ့ရတယ်။
ဖြောင်း..........
အ့
"နင်စောက်ရှက်မရှိဘူးကောင်းကင်ပြာ!ကိုယ့်အမနဲ့စေ့စပ်မဲ့သူကိုဘယ်လိုအောက်လမ်းနည်းတွေနဲ့များမြူဆွယ်ခဲ့တာလဲ! နင်ကလေငါ့မောင်လို့ပြောဖို့ကိုမတန်တဲ့အကောင် ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ခွေးပဲ!!"