"က....ခ....ဂ...ဃ...င.."
"အင်း...မှန်တယ်ဆက်ဆိုကြည့်..."
မြန်မာပြည်ကိုဒွန်းရောက်တာ တပတ်ကျော်ပြီ။ရောမရောက်ရင်ရောမလိုကျင့်ရမယ်မို့လား။သူမြန်မာစကားသင်ရပြီလေ....။
"မ...ရ...ဘူး...ပင်..လယ်ပြာ"
ဒွန်းကအလိုမကျသလိုအသံနဲ့ပြောတော့ပင်လယ်ပြာတယောက်သဘောကျစွာရီရတယ်။သူကသာပြင်သစ်စကားကိုသိပေမဲ့ ပတ်ဝန်းကျင်ကရှိသေးတယ်လေ။ဒွန်းနောက်အမြဲလိုက်ပြီး ဘာသာပြန်ပေးနေလို့မှမရတာ။
"နောက်နေ့ကျဆက်သင်မယ်လေနော်.."
"အင်းးး"
ဒွန်းကစိတ်ညစ်စွာပင်ပြန်ဖြေလိုက်တယ်။မြန်မာစွာမသင်ချင်ပေမဲ့ဒီကောင်လေးနဲ့နီးစပ်ဖို့ရာမှာ ဒီနည်းလမ်းပဲရှိတယ်မို့လား...။
"ဒွန်း~~~~~"
ခပ်ချွဲချွဲအသံကြားရာအကြည့်ပို့လိုက်ချိန်မှာ ရင်ဟိုက်ဂါဝန်အတိုဖြင့် ဒွန်းတို့ထိုင်နေတဲ့ခုံတန်းဆီကိုလျှောက်လာနေတဲ့'ကလျာ'။ ကလျာကဒွန်းနဲ့လက်ထက်ရမဲ့ကောင်မလေးပင်။ဒွန်းကသိသာစွာမျက်မှောင်ကျုံရင်းးး
"What are you doing?"
"အဟင်း....တို့ကဒွန်းနဲ့ပြောစရာရှိလို့ပါ..."
"I have nothing to speak about!"
ဒွန်းရဲ့ခပ်မာ"အသံကြောင့် ကလျာမျက်နှာပျက်သွားလေတယ်။ကလျာနဲ့ကောင်းကင်ပြာကအဖေတူအမေကွဲမောင်နှမတွေပင်။တကယ်တန်းဒွန်းနဲ့လက်ထက်ရမှာက ကောင်းကင်ပြာဖြစ်ပေမဲ့ ဒွန်းကိုမြင်"ခြင်းစိတဝင််စားမိတဲ့ကလျာ့အဖို့တော့ လူချင်းလဲရန်အဖေဖြစ်သူအားပြောခဲ့ခြင်းပင်။
"ဒွန်း...ကျတော်သွားတော့မယ် အေးဆေးပြောကြပါ"
ကလျာကထွက်သွားရန် မျက်စပစ်သောကြောင့်ကောင်းကင်ပြာထသွားရန်ပြင်တော့တယ်။
"You don't have to go, you have to teach"
"မနက်ဖြန်မှသင်မယ်ဆို......"
"ပင်လယ်ပြာ!!"
သူ့နာမည်ကိုထစ်ငေါ့ခြင်းမရှိပဲပြောလိုက်ခြင်းကြောင့်ကြောင်အသွားရပြန်တယ်။ဒီလူမြန်မာလိုမပြောတက်တာတကယ်ပဲလား ဆိုတဲ့အတွေးကဝင်လာတယ်။