တပတ်တောင်ကြာခဲ့ပြီ ငယ်"လေးတည်းကမိဘနဲ့ဝေးရာကိုမသွားဖူးတဲ့ပက်လယ်ပြာအဖို့ခုချိန်မှာအိမ်ကိုလွမ်းမိတယ်။ဒွန်းကိုလိုက်ပို့ဖို့ပြောရင်လည်းအဆူကခံရသေးတယ်။သူ့မှာလှောင်အိမ်ထဲကငှက်လိုပဲ။
"ဟင်းးးးး"
"ဘာတွေတွေးပြီးသက်ပြင်းချနေတာလဲ"
TVကိုသာအသက်မပါသလိုကြည့်နေတဲ့ပင်လယ်ပြာကိုဒွန်းမေးလိုက်တယ်။အရင်နေ့ကဆိုပျော်ရွှက်လန်းဆန်းနေသူကဒီနေ့မှထူးထူးဆန်းဆန်း မိုးလင်းတည်းကဒွန်းဆယ်ခွန်းမှတခွန်းသာဖြေသူ ဘယ်လုပ်လုပ်စိတ်ကတခြားရောက်သူလိုဖြစ်နေတာဒွန်းသတိထားမိတယ်။
"အိမ်ပြန်ချင်တယ်ဒွန်း........ငါ....ငါ့ကိုလိုက်ပို့ပါလားကွာ.....နော်"
ပုံမှန်အသံထက်ပိုနူးညံ့ကာဆိုလိုက်တယ်။သူတကယ်အားနာလှပြီ သူများအိမ်မှာဘာမှလည်းမလုပ်ပေးရအခန့်သားနေရတာဟာပင်လယ်ပြာအဖို့တကယ်အနေခက်စေတယ်။ငယ်"တည်းကအိမ်ကအလုပ်တွေလုပ် တနေကုန်အငြိမ်မနေရတော့ခုလိုအေးအေးဆေးဆေး သက်သောင့်သက်သာနေရတာက တကယ်စိတ်ပင်ပန်းစေတယ်။
ဒွန်းသက်ပြင်းချလိုက်တယ် လွန်ခဲ့တဲ့၃ရက်လောက်တည်းကသူဒီစကားကိုခနခနပြောနေတာ ကိုယ်ကမကြားသလိုလျစ်လျုရှူထားရင်တောင် သူကပြောမြဲဆဲ!
"မရဘူး လိုက်မပို့ပေးနိုင်ဘူးပင်လယ် မင်းကိုတကိုယ်ကောင်းသမားတွေလက်ထဲမထည့်ပေးနိုင်ဘူး"
"ဟင့်အင်း.......မမနဲ့ဖေဖေကစိတ်တိုလို့ပြောမိတာ ငါလည်းမှားခဲ့တာပဲလေ သူတို့ကျေနပ်အောင်တောင်းပန်ချင်တယ်။"
ဟုတ်တယ်လေ....အဲ့နေ့ကကိုယ်လည်းဒေါသအရမ်းထွက်ခဲ့တာ ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းမဲ့ခဲ့တာ လူကြီးတွေကိုပြန်ပြောမိသလို အမကိုယ်လည်းထိခိုက်အောင်လုပ်မိတယ် သွေးပူနေတုန်းကဘာမှမဖြစ်ပေမဲ့ ခုချိန်ပြန်စဥ်းစားကြည့်ရင် သူအပြစ်မကင်းလိုခံစားရတယ်။
!ဒွန်းကိုရအောင်ပြောပြီးသွားဖို့ဆုံးဖြတ်ထားပြီးသား!
"တော်စမ်း!ခင်ဗျားကဘာမှားလို့တောင်းပန်ရမှာလဲ ဟမ့်!"