ရန်ကုန်မြို့ထဲကနေ အဝေးပြေးလမ်းမပေါ်ရောက်လာတဲ့ ကားလေးတစ်စီး ကားပေါ်မှာ
သံလွင်ဦး နှင့် driverနှစ်ယောက်တည်းသာ.......သံလွင်ဦး ဆိုတာ ဆရာဝန်တယောက်
မြို့ကြီးပြကြီးမှာ မနေချင်တော့လို့ တာဝန်ဆိုပြီး
အကြောင်းပြကာ နယ်မြို့လေးတမြို့မှာ တာဝန်ထမ်းဆောင်ရန် ထွက်ခွာလာတာဖြစ်တယ်
အရပ်ခပ်မြင့်မြင့် အသားအရည်ကဖြူစွတ်စွတ်
နှာတံချွန်ချွန် ကျောင်းမှာရေပန်းစားသလောက်
အနေတည်တဲ့သူမို့ ဘယ်သူမှအနားမကပ်ရဲတဲ့သူ။
ဒီလိုလူက နှလုံးသားလေးကတော့ နူးညံ့တဲ့သူ။
သူ့ရဲ့နေရာအသစ် ဒေသအသစ်မှာ ဘယ်လိုလူ
ဘယ်လိုအရာတွေနဲ့ တွေ့ဆုံရပါအုံးမလဲ။သံလွင်ဦး~~ဦးနီ ဘယ်ရောက်နေပြီလဲဗျ
Driver~~အများကြီးလိုသေးတယ် သား
အနားယူလိုက်အုံးလေ ဟိုရောက်ရင် သား
ပင်ပန်းတော့မှာ ..သံလွင်ဦး~~ရပါတယ် ဦးနီ ....
သံလွင်ဦး ကားပေါ်တွင်မှေးရင်းအိပ်ပျော်သွားသည်
ကားစက်ရပ်သွားမှDriver~~ရွာထိပ်တော့ ရောက်ပြီ သားရေ.....ဦး ဘယ်ကိုဆက်မောင်းပေးရမလဲသား
သံလွင် နိုးလာကာ
ဘေးပတ်ဝန်းကျင်ကအလွန်တိတ်ဆိတ်ပြီး
ညနေစောင်း ၅နာရီဝန်းကျင်ဆိုတော့ မှောင်ရီပြိုးစ
ရွာထိပ်က ဆိုင်းဘုတ်ကြီးက ရွှေသာယာရွာ တဲ့
ညောင်ပင်ကြီးကလဲ ကြီးလွန်းလို့ နေ့ခင်ူဘက်ဆိုလျင်အရိပ်ကောင်းကောင်းရမည်ဟုတွေးမိသည်။
ထို့နောက် သံလွင် ကားပေါ်မှဆင်းကာသံလွင်~~သား ဒီမှာပဲဆင်းလိုက်တော့မယ် ကိုယ့်ဘာကိုရွာထဲလမ်းလျှောက်ဝင်သွားလိုက်တော့မယ်
Driver~~ဦးနီ လိုက်ပို့ပေးမယ်လေ သား
သံလွင်~~ရတယ် ဦးနီ စောစောပြန်တော့ စောစောပြန်နားရတာပေါ့
ထို့နောက် ဘေးလွယ်အိတ်တအိတ် လက်ဆွဲအိတ်တလုံး ချကာ ကားမောင်းထွက်သွားသည်အထိ သံလွင်
ထိုနေရာမှာပင် ရပ်နေမိသည်။
ရွာထဲမှ လူတယောက်ထွက်လာ၍သံလွင်~~အကိုခဗျ ဒီရွာက ဆေးပေးခန်းကဘယ်နားလောက်မှာလဲခဗျ
လူစိမ်း~~အကိုက ပြောင်းလာတဲ့ ဆရာဝန်အသစ်လာဗျ
YOU ARE READING
အချစ်ကရိုင်းတယ်
Romanceမိန်းကလေးတယောက် ကို တိတ်တိတ်လေး သဘောကျနေမိတဲ့ ယောက်ျားလေးတယောက်ရဲ့ အဖြစ်။ သူသဘောကျနေတဲ့ မိန်းကလေးရှေ့မှာ သဘောမကျသလို ဘယ်လိုဟန်ဆောင်မလဲ။ အချစ်ကဆန်းကြယ်တယ်။ 18plus 21plusလဲ ထည့်ချင်သလိုထည့်ပါမယ် မထည့်ချင်ရင်လဲမထည့်ပါဘူး စိတ်ပါရာအတိုင်းပဲရေးပါမယ်