အချစ်ကရိုင်းတယ်

4.5K 5 0
                                    

ရန်ကုန်မြို့ထဲကနေ အဝေးပြေးလမ်းမပေါ်ရောက်လာတဲ့ ကားလေးတစ်စီး ကားပေါ်မှာ 
သံလွင်ဦး နှင့် driverနှစ်ယောက်တည်းသာ.......

သံလွင်ဦး ဆိုတာ ဆရာဝန်တယောက်
မြို့ကြီးပြကြီးမှာ မနေချင်တော့လို့ တာဝန်ဆိုပြီး
အကြောင်းပြကာ နယ်မြို့လေးတမြို့မှာ တာဝန်ထမ်းဆောင်ရန် ထွက်ခွာလာတာဖြစ်တယ်
အရပ်ခပ်မြင့်မြင့် အသားအရည်ကဖြူစွတ်စွတ်
နှာတံချွန်ချွန် ကျောင်းမှာရေပန်းစားသလောက်
အနေတည်တဲ့သူမို့ ဘယ်သူမှအနားမကပ်ရဲတဲ့သူ။
ဒီလိုလူက နှလုံးသားလေးကတော့ နူးညံ့တဲ့သူ။
သူ့ရဲ့နေရာအသစ် ဒေသအသစ်မှာ ဘယ်လိုလူ
ဘယ်လိုအရာတွေနဲ့ တွေ့ဆုံရပါအုံးမလဲ။

သံလွင်ဦး~~ဦးနီ ဘယ်ရောက်နေပြီလဲဗျ

Driver~~အများကြီးလိုသေးတယ် သား
အနားယူလိုက်အုံးလေ ဟိုရောက်ရင် သား
ပင်ပန်းတော့မှာ ..

သံလွင်ဦး~~ရပါတယ် ဦးနီ ....

သံလွင်ဦး ကားပေါ်တွင်မှေးရင်းအိပ်ပျော်သွားသည်
ကားစက်ရပ်သွားမှ

Driver~~ရွာထိပ်‌တော့ ရောက်ပြီ သားရေ.....ဦး ဘယ်ကိုဆက်မောင်းပေးရမလဲသား

သံလွင် နိုးလာကာ
ဘေးပတ်ဝန်းကျင်ကအလွန်တိတ်ဆိတ်ပြီး
ညနေစောင်း ၅နာရီဝန်းကျင်ဆိုတော့ မှောင်ရီပြိုးစ
ရွာထိပ်က ဆိုင်းဘုတ်ကြီးက ရွှေသာယာရွာ တဲ့
ညောင်ပင်ကြီးကလဲ ကြီးလွန်းလို့ နေ့ခင်ူဘက်ဆိုလျင်အရိပ်ကောင်းကောင်းရမည်ဟုတွေးမိသည်။
ထို့နောက် သံလွင် ကားပေါ်မှဆင်းကာ

သံလွင်~~သား ဒီမှာပဲဆင်းလိုက်တော့မယ် ကိုယ့်ဘာကိုရွာထဲလမ်းလျှောက်ဝင်သွားလိုက်တော့မယ်

Driver~~ဦးနီ လိုက်ပို့ပေးမယ်လေ သား

သံလွင်~~ရတယ် ဦးနီ စောစောပြန်တော့ စောစောပြန်နားရတာပေါ့

ထို့နောက် ဘေးလွယ်အိတ်တအိတ် လက်ဆွဲအိတ်တလုံး ချကာ ကားမောင်းထွက်သွားသည်အထိ သံလွင်
ထိုနေရာမှာပင် ရပ်နေမိသည်။
ရွာထဲမှ လူတယောက်ထွက်လာ၍

သံလွင်~~အကိုခဗျ ဒီရွာက ဆေးပေးခန်းကဘယ်နားလောက်မှာလဲခဗျ

လူစိမ်း~~အကိုက ပြောင်းလာတဲ့ ဆရာဝန်အသစ်လာဗျ

အချစ်ကရိုင်းတယ်Where stories live. Discover now