ကျွန်တော်ကလဲလူတမျိူး

2.2K 3 0
                                    


မနက်မိုးလင်း ကြက်တွန်သံ ကြား၍

သံလွင်နိုးလာခဲ့သည်။ညကပြန်ရောက်သည်နှင့်

တချိူးတည်း သံလွင်အိပ်ပျော်သွားခဲ့သည်။

မနက်ကျအားပြည့်၍လန်း‌ဆန်းနေ၍ သံလွင်နာ
ရီ
ကြည့်တော့ ၆နာရီ အပြင်မှာမြူများကျ၍

အရမ်းမလင်းသေး။ သံလွင်အကျီ လက်ရှည်

တထည်ထပ်ဝတ်ကာ အားကစားဘောင်းဘီတိုနှင့်

ခြံပြင်သိူ့ထွက်လာခဲ့သည်။ လေပြေများမှာလဲ

တချက်တချက် လာနေ၍ မြူများ အဝေးသို့လွင့်

ပါသွားသည်ဟု ထင်ရသည်။ သံလွင် ပြေးရင်း ခက်ဝေတို့

အိမ်ရှေ့သို့ပင် ရောက်လာခဲ့ပြီ ရွာထဲတွင် ကြက်သံ

ဝက်သံများပင် ကြားနေရပြီ ခက်ဝေတို့အိမ်ရှေ့

သံလွင်ရပ်ကာ ကြည့်နေစဉ်ပင် အိမ်ပြတင်းပေါက်

ပွင့်လာ၍ သံလွင် လဲ လန့်ကာ ဆက်ပြေးနေလိုက်သည်။

ခရေပင်တန်းများရှိရာသို့ ရောက်လာ၍
သံလွင်လဲ ခရေ ပန်းများ မြေပေါ်ခနေသည်ကို မြင်၍
လက်ဖဝါးထဲ ထည့်ကာ တပွင့်ချင်းကောက်နေမိသည်။

ထို့နောက်လက်ကိုင်ပုဝါအားထုတ်ကာ ခရေပန်းများထည့်ကာ အုပ်ကိုင်လိုက်သည်။

ထို့နောက် သံလွင်ပြန်လာရင်း ခက်ဝေတို့ခြံထဲသို့
ဝင်လာမိသည်။
သံလွင် သတိလက်လွတ်
စိတ်ကစေခိုင်းရာ လုပ်နေမိသည်။
သူအိမ်ပေါက်ဝသို့ ရောက်သည်နှင့် အိမ်တံခါးမှာ ရုတ်တရပ်ပွင့်လာ၍ သူလှည့်ပြေးရန်ပင် ပြုမိသည်။ သို့သော် ပြေး၍မလွတ်သည်ကို သိ၍ ရပ်နေကာ ပြုံး၍
တံခါးလာဖွင့်သူအား ကြည့်လိုက်ရာ ခက်ဝေဖြစ်နေသည်။
သူရင်များ ခုန်‌လွန်း၍ နေရာတွင်ပင်
ခွေကျသွားနိုင်သည်။ခက်ဝေက မျက်မှောင်ကြုတ်၍
သူ့ကို ကြည့်နေ၍

သံလွင်~~ဟို ပန်းလာပေးတာ ဆိုကာ

ရီ၍ပြောင်စပ်စပ်ပြော၍

ခက်ဝေ~~ဘယ်သူ့ကိုလာပေးတာလဲ ဆိုကာ
ပြန်မေးတော့ နောက်ဘက်ခြမ်းမှ နွယ်ထွက်လာကာ

You've reached the end of published parts.

⏰ Last updated: May 21, 2022 ⏰

Add this story to your Library to get notified about new parts!

အချစ်ကရိုင်းတယ်Where stories live. Discover now