‌သူနဲ့ကိုယ် ကြားက လေဟာနယ်

2.7K 3 0
                                    

ဆေးခန်းအတွင်းသို့ လူနာများ တစနှင်တစ များလာသည်။ သံလွင်လဲ လိုအပ်သည်များ စမ်းသပ်စရာရှိသည်များကိုစမ်းသပ်‌ကာ လူနာများနှင့် နှစ်ပါးသွား
နေတော့သည်။ နေ့လည် 1နာရီ ကျော်လောက်တွင်
လူနာများ တဖြေးဖြေးပါးသွားကာ 2နာရီဝန်းကျင်အတွင် နောက်ဆုံးလူနာပါ ဆေးပေးကာ မှာကြားသည်များ မှာကြားပီး၍ ပြန်သွားလေသည်။

နွယ်~~ဆရာရေ လူနာတော့ကုန်ပြီ ဆရာနေ့လည်စာ
စားမယ် လာပါ

ဆိုကာ ချိူင့်လေးဆွဲကား အနောက်အိမ်ဆောင်ရှေ့ဘက် ခုံတန်းသို့လျှောက်သွား၍ သံလွင်နောက်မှလိုက်သွားသည်

ခုံပေါ်တွင် ဟင်းချိူင့်များချကာ သံလွင်အတွက်ပါ
ထမင်းတချိူင့်ချပေးသည်။

သံလွင် ~~ ကျနော်က ကိုရဲရင့်ကို စောင့်အုံးမလားလို့

နွယ်~~ဆရာ သူ့ကိုစောင့်ရင်တော့ ဒီနေ့စားရမှာမဟုတ်ဘူး သူက ဟိုဘက်ရွာကိုသွားတာလေ သူ့အမတွေနေတဲ့ရွာ ဆိတ်လေးသားပေါက်တာသွားကြည့်ပေးတာ အဲ့အိမ်မှာစားလာလိမ့်မယ်
နွယ့်ကို အားနာလို့လာဆရာ

သံလွင်~~မဟုတ်ပါဘူး ကျနော်စားပါ့မယ်

နွယ်~~ဆရာ အားနာစရာမလိုပါဘူး အရင်ဆရာကြီး
တုန်းကလဲ နွယ် ပဲချက်လာပေးတာ စားပါဆရာ

သံလွင် လဲခေါင်းငြိမ့်ပြကာ စားလေသည်။
စားပြီးတအောင့်ကြာမှ ရဲရင့် ပြန်ရောက်လာကာ

ရဲရင့်~~ဆရာ စားပီးပီလာ

သံလွင်~~စားပီးပီဗျ

နွယ်~~ကိုရဲရင့် စားပါအုံးလာ ကိုရဲရင့်အတွက်ပါ ထမင်းပိုထည့်လာတာ

ရဲရင့်~~နေပါစေ ကျနော်ကစားပီးပီ ဒါနဲ့ ဆေးခန်းက
အဆင်ပြေတယ်မလားဆရာ

သံလွင်~~ပြေပါတယ်

နွယ်~~ဆရာ့ရဲ့ပထမဆုံးရက်လို့တောင်မထင်ရဘူး
လူနာတွေနဲ့အဆင်ပြေမှပြေ

ရဲရင့်~~ဒါဆို ဆရာ ကျနော် ရွာထဲလိုက်ပြမယ်လေ
ရွာလူကြီးအိမ်လဲပို့ပေးမယ်လေ

သံလွင်~~ကောင်းသားပဲ ကျနော်လဲသွားဖို့လုပ်ထားတာ ဒါဆို ဆရာမ ကျနော်လိုက်သွားလိုက်အုံးမယ်

အချစ်ကရိုင်းတယ်Where stories live. Discover now