သံလွင်ရင်တွေခုန်နေသည်။ ဆေးကုမှတ်တမ်းစာအုပ်ကို ကြည့်နေပေမဲ့ စိတ်ကတော့ ရှေ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ပန်းခက်ဝေ ဆိုတဲ့
မိန်းကလေးကို ဘယ်လို စကားစပြောရမလဲဆိုတာသာ တွေးနေမိသည်။ထိုစဉ်နွယ်~~ဆရာ မှတ်တမ်းတွေက နွယ် သေချာလုပ်ထားပါတယ်
သံလွင်~~ကျနော်လဲ ကြည့်စရာမရှိတော့ ဒါလေးပဲ
ကြည့်နေရတာနွယ် က ရီကာ
နွယ်~~ဆရာ နွယ့်သူငယ်ချင်း လှတယ်မလား
ဆိုကာ စသလိုပြောတော့သံလွင် ပန်းခက်ဝေ ဆိုသော မိန်းကလေးကို
တချက်ကြည့်မိလိုက်သည်တွင် ခက်ဝေ နှင့်
အကြည့်ချင်းဆုံ၍ ရှက်သွားကာ
ခေါင်းငုံ့လိုက်မိသည်။ခက်ဝေ က နွယ့် ကို မျက်စောင်းလေးထိုးကာ စောင်းကြည့်သည်။
ထိုစဉ် ရဲရင့်ရောက်လာကာရဲရင့်~~ခက်ဝေ ပါ ရောက်နေတာလာ
နွယ်~~ဟုတ်တယ် ကိုရဲရင့် အိမ်မှာတယောက်ထဲထားခဲ့ရမှာ စိတ်မချတာနဲ့ခေါ်လာလိုက်တာ
ခက်ဝေ~~ခက်ဝေ က ကလေးလဲမဟုတ်ပါဘူး
ဆိုကာ တည်တည်ငြိမ်ငြိမ် ပြောတော့ သံလွင်
ထိုမိန်းကလေးထံသို့ အကြည့်ထပ်ရောက်ခဲ့သည်ရဲရင့်~~ဆရာ သူက ကျောင်းကအထက်တန်းပြဆရာမလေ ရွာက ကလေးတွေရဲ့အချစ်တော်ပေါ့
သံလွင်~~ဪ........
ဆိုကာ ဘာမှဆက်မပြောပဲ စိတ်မဝင်စားဟန် ပြန်ဖြေမိသည်ခက်ဝေ~~နွယ် ၇နာရီတောင် ကျော်နေပြီ လူနာမကျရင်လဲ ပြန်ရအောင်လေ
နွယ်~~အေးပါခက်ဝေရယ် ဒါဆိုဆရာ နဲ့ကိုရဲရင့် နွယ်တို့ ပြန်တော့မယ်နော်
ရဲရင့်~~ကျွန်တော်လိုက်ပို့ပေးမယ်လေ ဆရာလဲလိုက်ခဲ့ပေါ့
ခက်ဝေ~~ရပါတယ် စက်ဘီးပါလာတယ်လေ
နွယ်~~ခါတိုင်းလဲ ကိုရဲရင့်လိုက်ပို့နေကျပဲဟာ
အရင်လိုပဲ စက်ဘီးတွန်းရင်းပြန်တာပေါ့ရဲရင့်~~ကျွန်တော်မျိူး တွန်းပေးပါ့မယ်ဗျ
ဆိုကာ ရွတ်နောက်နောက်ပြောတော့ ခက်ဝေ နွယ့်ကိုသာ ဘုကြည့်ကြည့်မိသည်။နွယ်က သူ့သူငယ်ချင်း
အဆိုးလေးကို ရီ၍သာကြည့်နေသည်။
ဘေးမှ သံလွင်က
YOU ARE READING
အချစ်ကရိုင်းတယ်
Romansaမိန်းကလေးတယောက် ကို တိတ်တိတ်လေး သဘောကျနေမိတဲ့ ယောက်ျားလေးတယောက်ရဲ့ အဖြစ်။ သူသဘောကျနေတဲ့ မိန်းကလေးရှေ့မှာ သဘောမကျသလို ဘယ်လိုဟန်ဆောင်မလဲ။ အချစ်ကဆန်းကြယ်တယ်။ 18plus 21plusလဲ ထည့်ချင်သလိုထည့်ပါမယ် မထည့်ချင်ရင်လဲမထည့်ပါဘူး စိတ်ပါရာအတိုင်းပဲရေးပါမယ်