Extra 🔞

7.2K 422 25
                                    

Extra 🔞21++++
18 နှစ်အောက်မဖတ်ရ။ မသိဝူး မသိဝူး ဖတ်ချင်တယ်ဆိုရင် 18 ခေါက်ပြည့်အောင်ဖတ်ပါ။

~~~~
ဘော် ...ဘော် ....

ကျောက်ဖြူမြို့သို့သွားသော သဘေင်္ာပေါ်၌ ဖြစ်၏။ ဒီနေ့က မောင် နဲ့ ကျွန််မ လက်ထပ်စာချုပ်ပြုလုပ်ဖို့ အတွက် ကျောက်ဖြူ တရားရုံးသို့ သွားနေခြင်းပါ။
ကျွန်မ အပြာရောင် ပင်လယ်လှိုင်းတွေနဲ့ ဇင်ယော်တွေကို ငေးကြည့်နေခဲ့ပါ၏။ ဘင်္ဂလားပင်လယ်အော်၏ ရေပိုင်နက်မို့ လှိုင်းလေက ကြမ်းလှ၏။ တချက်ချက် တိုက်ခတ်သော လေကြောင့် စိမ့်ခနဲဖြစ်သွားရတာမို့ လက်လေးကို ပိုက်ထားရတဲ့ အဖြစ်။
မမခိုင်က သဘေင်္ာလက်ရန်းတွေကို မှီပြီး ပင်လယ်ကြီးကို ကြည့်နေတာ ကျွန်တော်ရှိနေတာကိုရော သတိရရလားမသိပါဘူး။ ပန်းနုရောင် ပိုးထည်အင်္ကျီရင်ဖုံးလက်ရှည်လေးနဲ့ ချိတ်ပန်းဆီရောင်လေးကို ချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားတာက လေးဆယ်အရွယ် အမျိုးသမီးလို့တောင်မထင်ရပါဘူး။ ကျွန်တော့် နှလုံးသားတစ်တစ်ခုလုံးကို အပိုင်သိမ်းထားနိုင်တဲ့ သူမက သိပ်ကို လှပလွန်းပါတယ်။ မမခိုင်က အေးလို့နဲ့တူပါရဲ့ လက်လေးကို ပိုက်ထားလို့။
ကျွန်တော် အိပ်ထဲက ပါဝါလေးကို ထုတ်ပြီး မမခိုင်ကို လွှမ်းခြုံပေးလိုက်ပါ၏။

"မောင် "

မမခိုင်က ရုတ်တရက်မို့ တုန်ခနဲဖြစ်သွားပြီး ကျွန်တော့်ကို မော့ကြည့်၏။

"လေတိုးတယ် မမခိုင် ပုဝါလေးခြုံထား"

မောင်က ခိုင်ကို ဇာပုဝါ ပန်းနုရောင် အနားသတ်ငွေမျှင်လေးတွေ ပါတဲ့ ခြုံထည်ကို ခြုံပေးပြီး ခိုင် နဖူးလေးကို မောင်က ငုံ့နမ်းပါ၏။
မောင်က ဒီအတောတွင်း အရပ်တွေ ပိုရှည်လာတယ်။မောင်ကလေ ဘယ်တော့မှ မိန်းကလေးဆန်ဆန်မဝတ်ဖူး။ ခုလဲ ကြည့် ခိုင်နဲ့လိုက်အောင်ဆိုပြီး ပန်းနုရောင်ပိုးသားပျော့ပျော့ရှပ်အင်္ကျီနဲ့ အဖြူရောင်စတိုင်ုင်ပန့့်ကို ဝတ်ထားကာ ဆံပင်တွေခပ်မြင့်မြင့်စုစည်းထားတာမို့ လေတိုက်တိုင်းကပိုကရိုကျလာတဲ့ ဆံနွယ်တစ်ချို့ကြားထဲမှာ မောင့်မျက်နှာသွယ်သွယ်က အရမ်းကို handsomeဖြစ်နေပါ၏။

မောင့် ....မမခိုင် (Short Story){U+Z}Where stories live. Discover now