အပိုင်း (2)

21 2 0
                                    

မေမေနဲ့ ဟိုဘက်အိမ်ကမိသားစု
အရင်က ကိစ္စ တစ်ခုခုရှ်ိကိူရှိရမယ်
စဥ်းစားကြည့်လေ ငယ်ငယ်ကတည်းက
သူတိူ့မိသားစုနဲ့မပေါင်းခိုင်းတာ
ခုကြည့် ဆယ်တန်းကျောင်းသားကြီးဖြစ်တဲ့အထိပဲ အဲ့ကိစ္စ သေချာလေ့လာစုံစမ်းရမယ်

"မှူး''

အတန်းခေါင်းဆောင် ဇော်သူရ ခေါ်သံကြားမှ
ထမင်းစားနေရင်းအတွေးလွန်နေမှန်းသိတော့တယ်
"အဲ ဟုတ်အကို''

"ဘာတွေစဥ်းစားနေတာလဲ
ထမင်းစားနေတာ ကြာလှပြီ
ရဲဇာတို့ ဒီပါတို့တောင် မုန့်စျေးတန်းသွားကြပီ
လိုက်ဦးမလား''

"အကို အရင်သွားနှင့်လေ
ပြီးမှ လိုက်ခဲ့မယ် နာရီဝက်ကျန်သေးတယ်
ကျောင်းတတ်ဖို့က''

"အင်း ခါတိုင်းစားနေကြ အန်တီဝေဆိုင်ပဲနော်''

"ဟုတ်''

စားလက်စထမင်းဆက်မစားတော့ပဲ
ပန်ဆင်မှူး ကျောင်းမုန့်စျေးတန်းဘက်ကိုသာ
လျှောက်လာတော့သည်

"ဒီမှာ''

စားပွဲဝိုင်းခပ်သေးသေးလေးဆီမှ
ရဲဇာလက်ပြနေ၏

"အမေ့''
ပြေးဝင်လာသောဘောလုံးတစ်လုံး
ပန်ဆင်မှူး ရင်ဝသို့စောင့်ကန်လိုက်သလို
ကိုယ်တစ်ခုလုံး မြေပြင်သို့ဘုန်းခနဲလဲကျသွားတော့သည်

"ဟာ မှူး''

"မှူး''
ရဲဇာနှင့်ဒီပါ ထိုင်ရာမှအပြေးထလာကာ
လဲကျနေသောပန်ဆင်မှူးကို တွဲထူတော့မှ

"ဆောရီး ပါ ဘောလုံးက ကျနော်ကန်လိုက်တာပါ
ဘယ်နားလေးနာသွားလဲဗျ
ဆေးခန်းသွားမလား အဆင်ပြေရဲ့လား''

"ရပါတယ် ရင်ဘတ်အောင့်သဲ့သဲ့လေးဖြစ်သွားရုံပါ ဘာမှဖြစ်ဘူး''

ထို ခပ်သွက်သွက်ကောင်လေးမှာကား
ပန်ဆင်မှူး ထက်အရပ်နဲနဲပိုရှည်ပြီး
ကျစ်လစ်သောကိုယ်ထည်နှင့်ဖြူဖွေးသော
အသားအရေပိုင်ရှင် ခွန်လင်းနေသာ

"အဲ့ဒါဆိူဗျာ အကိုတိူ့ကြိုက်တာစား
နေသာ ရှင်းပေးမယ်''

"ဟေး ပွတာပဲ''

"ဒီပါ မင်းသူများစီက ဂုန်းမယ်ဆို
ထိပ်ဆုံးက''
အတန်းခေါင်းဆောင် ဇော်သူရစကားကြောင့်
မြိုမကျဖြစ်သွားသူ ဒီပါမောင်

ရနံ့မပြယ်သောပန်းတစ်ပွင့်Where stories live. Discover now