အပိုင်း (6)

9 1 0
                                    

ကောင်းကင်ကြီးမှ နေမင်းအလင်းရောင်နဲ့အတူ
မဲမှောင်နေသောတိမ်လွှာတို့သည်
လွှင့်ဆင်သွားခဲ့သည်

"ဒီနေ့ မှူးကျောင်းမလားဘူးဗျ''

"ဗျာ ဘာလို့လဲ ညီ''

"အဲ့ဒါတော့ မသိဘူး မနေ့ကချိန်းထားတာရှိတာပဲ
ညီလဲသိတာ အကိုစိုင်းလင်း''

"ကျနော်ဖုန်းဆက်တာလဲ
ဆက်ပိတ်ထားတယ်တဲ့
ဘယ်များရောက်နေပါလဲဗျာ''

"အဲ သူ့အိမ်ကော သွားမရှိဘူးလား''

"အကိုသွားပြီးပြီ
မနေ့ကညကတည်းကပြန်မလာတဲ့''

"အဲ့ဆိုဘယ်များသွားနေတာပါလိမ့်
အဲ ခန့်ငြားဆီများလား''

"ခန့်ငြား ဟုတ်လား ''

"ခဏနော် အကို''

ကနာမငြိမ်ဖြစ်နေသော ကောင်လေးအား
ဒိပါ ကြည့်ရင်း တစ်ချက် ပြုံးရယ်မိသွားသည်

"အင်း ဟုတ်လား အင်းအင်း''
ဖုန်းပင်မကျသေး

"ညီဘာတဲ့လဲ ဘာပြောလဲ''

"အကိုကလဲ ဇွတ်နေပါဦးဗျ
ဖုန်းပြောတာတောင်မပြီးသေးဘူး''

"အကိုမေးတာအရင်ဖြေပါ
ဘာတဲ့လဲ ''

"အကိုတစ်ယောက်လာခေါ်သွားတယ်ပြောတယ်''

"ဘယ်သူတဲ့လဲ ''

"နေပါဦး အကိုရ သူပြောတာ
ကိုခွန်လင်းနေသာ တဲ့
ဟာအကိုပြန်တော့မလို့လား
နေ ''
စကားပင်ဆုံးအောင်နားမထောင်ဘဲ
ကားကိုတရကြမ်းမောင်းပြီး
ကျောင်းထိပ်မှ ထွက်သွားတော့၏။

-----/------/-----/-----/----/-----/

တရကြမ်းမောင်းလာသောကားသည်
ဦးတည်ရာသို့ အမြန်ရောက်ရှိလာခဲ့သည်

"နေသာ နေသာ''

အပြင်မှကျယ်လောင်စွာဆူညံသံကြောင့်
အိမ်ထဲမှ အမျိုးသမီးငယ်တစ်ဦးကဗျာကယာပြေးထွက်လာသည်

"ဘယ်သူလဲ မသိဘူးရှင့်''

"နေသာ မရှိဘူးလား
သူ့သူငယ်ချင်း ကိုစိုင်းလို့ပြောလိုက်ရတယ်''

"ဟုတ်ကဲ့ရှင့် အထဲဝင်ပါဦး
ကျွန်မခေါ်ပေးပါ့မယ်''

အမျိုးသမီးငယ်လေးသည်
ချက်ခြင်း တံခါးဖွင့်ကာ ဧည့်ဝတ်ကျေစွာ
ဧည့်ခန်းမှာ နေရာစိီစဥ်ပေးလိုက်တော့သည်

ရနံ့မပြယ်သောပန်းတစ်ပွင့်Where stories live. Discover now