အပိုင်း (3)

15 1 0
                                    

မိုးအေးအေးလေးနဲ့မို့ ညနေခင်းအချိန်​က
ပုံမှန်ရက်နှင့်မတူ
ချမ်းစိမ့်စိမ့်ဘက်ကိုအရေးပေးနေတော့သည်

"ညီ ချမ်းနေလို့လား''

"နည်းနည်း''

"ဒီနေ့နောက်ကျတယ်နော်''

"ဟုတ်တယ် မေးခွန်းတွေဖြေနေရတော့
နဲနဲနောက်ကြသွားတာ''

"အကိုက ၆နာရီမထိုးခင်ကတည်းက
ရောက်နှင့်နေတာ''

"ဟင် အစောကြီး''

"မုန့်လိုက်ကျွေးမလို့လေ
အိမ်ကနောက်ကျလို့ရတယ်မို့လား''

"မရလည်းလိမ်ရမှာပေါ့
ခုတောင်အိမ်ပြန်လမ်းမှမဟုတ်တာ''

"ဟုတ်သား ''

ပန်ဆင်မှူးကြောင်တောင်တောင်နှင့်သာ
ဆိုင်ကယ်နောက်ကလေးမှာ
သဘာဝလေတွေကိုအဝရှူရင်း
သက်ပြင်းတစ်ချက်ကလည်း
တစ်ချိန်တည်း ချလိုက်မိသည်

------/------/------/-----/------/------

ရက်တွေ လတွေလည်း တဖြည်းဖြည်း
ကုန်တာမြန်လွန်းလှသည်
ပြက္ခဒိန်စာရွက်တွေသည်လည်း
တစ်ရွက်ပြီးတစ်ရွက် ပင်မနေရာမှ
အလိုက်သိစွာ ထွက်သွားနေပေသည်

"မေမေ စာမေးပွဲနီးနေပြီမိူ့
သားခုရက်ပိုင်းတွေ အဆောင်မှာ
နေဖြစ်မယ်ထင်တယ်''

"ကောင်းတာပေါ့သားရဲ့
ဒီတစ်လပဲလေ ဟုတ်တယ်မို့လား
သားအိမ်ကိုစိတ်မပူနဲ့''

"အင်းပါ မေမေရဲ့သားကိုညနေကျရင်
အဝတ်တွေ ထုပ်ပေးထားဦးနော်''

"အေးပါ
မေမေလုပ်နေကြအလုပ်တွေပဲလေ''

"ဟီးအာ့ကြောင့်ချစ်တာ''

"ဘာလဲမင်းက ငါ့ကျမချစ်ဘူးပေါ့''
စိတ်ဆိုးဟန်နှင့်ပြောလာသော ဖေဖေဦးမြတ်ဇော်

"ဟာ မဟုတ်တာ ဖေဖေ့လည်းချစ်ပါတယ်
မေမေ့လည်းချစ်ပါတယ်ဗျ''

"ဟ်ိုရောက်ရင် စာသေချာလေးလုပ်နော်
ဖုန်းပဲဆော့မနေနဲ့ ဆယ်တန်းက ကံနဲ့ဆိုင်တာဆိုပေမယ့် ကိုယ်ကြိုးစားမှ ရမှာ''

"စိတ်ချပါ မေမေရဲ့ သားကြိုးစားမှာပါ
သားခုနားချင်နေပြီ''

ရနံ့မပြယ်သောပန်းတစ်ပွင့်Where stories live. Discover now