အပိုင်း (4)

13 1 0
                                    

နှုတ်ဆိတ်နေသော နှုတ်ခမ်းသားတစ်စုံသည်
မေးမြန်းထားသော အမေးကို ဖြေရန်
အရမ်းပင်ခက်ခဲနေခဲ့ပြီလား

"အကို ဘာလို့လဲလို့ ''

"အကို့ညီလေးမို့လို့ပေါ့''

ခိုင်လုံမှု့မရှိသောအဖြေနှင့်
ပန်ဆင်မှူး ကို
လှည့်စားသွားခဲ့ခြင်းလား ကျနော်
တကယ်သိချင်ခဲ့မိပါသည်

------/-------/-----/--------/---------/-----

အရီးရက်လည်ပြိီးပြိီးချင်း ဖေဖေနဲ့မေမေ
အိမ်သို့ပြန်လာခဲ့ကြတော့သည်
ထိုနေ့က ကိုစိုင်းလင်းတည်ကြည်
အိမ်ရောက်ရှိနေခြင်းပင်

"ခြံတံခါးလည်းသော့ခတ်မထားဘူးဆိုတော့
သားငယ် စာမေးပွဲ ပြီးပြီးချင်း
နားနေပြီထင်တယ်''

"ဟုတ်မှာပေါ့ မင်းသားအကြောင်းလဲ
မင်းလေးအသိဆုံးပဲလေ''

ခြံဝန်းကျယ်ကျယ်ထဲသို့
ကားလေးတစ်စီး ညှပ်ညှပ်လေးဝင်လာသည်
ထွက်ကြိုမယ့်သူရယ်မရှိ
ဘာလို့ဆို အိမ်ကအလုပ်သမားတွေအားလုံး
ေမမေနဲ့ရန်ဖြစ်ပြီး
အလုပ်ထွက်ကုန်ကြတာကြည့်ပဲမို့

"သားရေ မေမေတို့ပြန်လာပြီ
အောက်ဆင်းခဲ့''
စကားပင်မဆုံးသေးခင်
မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့်

"ဟဲ့ နင် နင် ငါ့အိမ်ထဲဘာဝင်လုပ်တာလဲ
ထွက် ခုချက်ခြင်း ထွက်သွား''

"အန်တီ ကျနော် ရှင်း
ရှင်းပြပါရစေ ''

"မရှင်းပြနဲ့ မင်းထွက်သွား
အေးသွားနော် ပိုင်နက်ကျူးလွန်မှုနဲ့
တရားစွဲလိုက်မယ်နော် ထွက်သွား''

ဧည့်ခန်းမှ ကျယ်လောင်စွာ အသံကြောင့်
မှူး မီးဖိုခန်းထဲမှ အပြေးထွက်လာခဲ့ပေမယ့်
နောက်ကျသွားသည်
ကိုစိုင်းလင်းတည်ကြည် အိမ်အပြင်ဘက်သို့
ရောက်နှင့်နေပြီ

"အကို အကို ''

"ညီ ရတယ် အကိုဘာမှမဖြစ်ဘူး
အထဲ ပြန်ဝင်တော့ အပြင်မှာ နေပူတယ်''

"ညီတောင်းပန်ပါတယ်နော်''

"ညမှ အကိုစာပို့ထားလိုက်မယ်
အကိုသွားပြီ ''

နောက်ကျောလေးကိုငေးကြည့်ရင်း မှူး
ပါးပြင်ထက်မှ မျက်ရည်စတို့နဲ့အတူ
ဧည့်ခန်းဆီ တည့်မတ်စွာလျှောက်လာခဲ့တော့သည်

ရနံ့မပြယ်သောပန်းတစ်ပွင့်Where stories live. Discover now