Part (27)

492 24 1
                                    

Unicode

'' ဒီမှာ မိနန်း လင်းဟန်ဆိုတဲ့ကောင်လေးက တကယ့်ကို ရည်ရည်မွန်မွန်လေးပါကွယ် ။ ငါ့သမီးလေးနဲ့ဆို သိပ်လိုက်မှာ "

ခပ်ပြုံးပြုံးလေးနှင့်ပြောလာသော ဒေါ်ခင်မေ၏ စကားကို မိနန်းတစ်ယောက်ငြင်းဆန်မည်ဟုတွေးမိသောလည်း လက်တွေ့မှာတော့ မိနန်းတစ်ယောက်မငြင်းဆန်နိုင်ခဲ့ချေ ။ ဒီလိုဒီပုံနှင့်သိပ်ခန့်ညားသော ကောင်လေး၏ အနားမှာ မဟေသီတွေ ဝိုင်းဖွဲ့လို့နေမှာကိုတော့ ငြင်းဆန်လို့မရချေ ။ ထိုမဟေသီတွေအားလုံးအကြားမှာမှ ထိုလူသား၏ ​အကြည့်တွေ စိတ်ဆန္ဒတွေဟာ ကိုယ်ရှိရာကို ဦးတည်လို့သာနေခဲ့လျှင် မည်မျှပင် မော့ကြွားစရာကိစ္စတစ်ခုဖြစ်မည်နည်း ။ အင်း ဒီအတွေးနှင့်တောင် မိနန်းတစ်ယောက်ပျော်ရွှင်လို့နေပေသည် ။

'' အို စိတ်ချပါ အမေရယ် ။ ကိုလင်းဟန်လည်း ပုထုစဥ်လူသားလေးမဟုတ်လေဘူးလား ။ သူလည်း ကျွန်မအလှနှင့်ကျွန်မ၏မေတ္တာအကြားမှာ ဘယ်လိုမပြိုလဲဘဲ နေနိုင်ပါ့မလဲရှင်''

ပြောလာသော စကားများထဲတွင် မိနန်း၏ အကြံအစည်ပိုင်နိုင်မှုများကအပြည့်ပင် ။ သားအမိနှစ်ယောက်လုံး စိတ်လွတ်ကိုယ်လွတ်ရယ်မောပြီးသကာလမှာတော့ ဒေါ်ခင်မေက မိနန်း၏ နဖူးထက်သို့ ခပ်ဖွဖွလေး အနမ်းခြွေခဲ့လေသည် ။

'' ဒီအချိန်က ညနေခင်းဆို မောင်ရင်လင်းဟန်လည်း အိမ်ဝိုင်းထဲမှာ ရှိနေလိမ့်မှာ ။ သမီးသွားကြည့်လိုက်လေ ''

အပြုံးလေးတစ်ခုပန်ဆင်ပြီး ပြောလာသော စကားအနောက်တွင်
ကောက်ကျစ်မှုအစဥ်းများနှင့် တစ်စုံတစ်ရာကို အပိုင်သိမ်းလိုချင်စိတ်များက ထင်ဟပ်လို့နေဆဲ ။ မိခင်ဖြစ်သူကို ခေါင်းငြိမ့်ပြပြီး မိနန်းတစ်ယောက် အိမ်အပြင်ထွက်လေတော့ အိမ်ဝိုင်းထဲမှာရှိတဲ့ စားပွဲဝိုင်းမှာ ဝိုင်းဖွဲ့ကာထိုင်နေရင်း စားပွဲထက်တွင်တော့ ပဲကြမ်းသုတ်နှင့်ရေနွေးကြမ်းချထားလေသည် ။

မျက်စိကိုအလုပ်ပေးရင်း လင်းဟန်ကိုရှာဖွေလေတော့ ခုံရှည်တစ်ခုမှာ လင်းဟန်ကထိုင်နေရင်း အကြည့်တွေကတော့ အခြားတစ်နေရာသို့ နယ်ချဲ့နေသည်ကို တွေ့ရလေသည် ။ လင်းဟန်၏ အကြည့်လားရာဘက်ကို ကြည့်လိုက်ရာ မျက်စိဆံပင်မွှေးဆူးစေသော မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရလေသည်။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now