Part ( 33)

495 8 4
                                        

Unicode

'' အချစ် ''

ရိပ်ရေကန်၏ ကန်ဘောင်ဘေးတွင်ထိုင်နေကြသော အချစ်ငှက် နှစ်ယောက်က တစ်ယောက်လက်ကို တစ်ယောက် ဆုတ်ကိုင်ထားလေကာ မင်းဓနရှိန်က ခက်အား တီးတိုးသံဖြင့် ခေါ်လိုက်လေတော့

'' အင်း ပြောလေ မောင် "

' မောင် ...မောင်လေ... "

စကားပြောနေရင်းထပ်မပြောနိုင်လောက်အောင် အသံတိမ်ဝင်သွားတဲ့လူကြောင့် ခက်ရောင်ခြည်လည်းအလန့်တကြားဖြင့် ဓနကို လှမ်းကြည့်လေသောအခါ မင်းဓနရှိန်က မျက်နှာလေးညှိုးကြလို့နေလေသည် ။ အကောင်းကနေ မျက်နှာမကောင်းဖြစ်သွားသော ကောင်​လေး၏ မျက်နှာကို ခက်က အသာအယာလေးသူ့ဘက်ဆွဲလေပြီး

" မောင် ဘာဖြစ်လို့လဲ ပြောပါအုံး "

ခက်ရောင်ခြည်မှာ ပြာပြာသလဲဖြစ်နေပြီဖြစ်ပေမယ့်လည်း မင်းဓနရှိန်က တလုံးတပါဒမှပြန်ပြောဖို့အစီအစဥ်ရှိမနေသောကြောင့် ခက်ရောင်ခြည်ကတစ်ဖန်ပြန်လည်ကာ

" မောင် ပြောအုန်းလေ ။ မောင့်အနားမှာ ကျွန်တော် အမြဲရှိနေပေးမှာလေ ။ မောင်ဖြစ်နေတာတွေကိုမောင်ပြောပြမှ ​ကျုပ်သိရမှာလေ... "

ခက်ရောင်ခြည်က မင်းဓနရှိန်ကိုစိုက်ကြည့်ကာပြောနေသည့်စကားတွေမှာ နွေးထွေးမှုကိုခံစားရလေသည် ။ ဒီလိုနွေးထွေးမှုမျိုးက်ို မင်းဓနရှိန်တစ်ယောက် မခံစားခဲ့ဖူးချေ ။ ဒီကောင်လေးက သူ့ဘဝထဲကို ရောက်လို့လာပြီးတဲ့ အချိန်မှစကာ မင်းဓနရှိန်အတွက် အရာရာဟာပြောင်းလဲလို့သွားပေသည် ။ သူ၏ မျက်နှာပေါ် လက်ဖဝါးတင်ကာ သပ်ချလိုက်ပြီးမှ

'' မောင် မေမေတို့ကို လွမ်းလို့... "

ငိုချင်စိတ်ကို ထိန်းထားရသောသူပမာ မျက်ဝန်းတွေက ရဲလို့နေလေပြီး လည်ပင်းကြောတွေထောင်နေလေသည် ။ သူ၏စကားကို ဂရုတစိုက်နားထောင်ပေးနေသည့် ခက်ရောင်ခြည်၏ လက်ဖဝါးအပေါ် သူ၏လက်ဖဝါးအုပ်မိုးလိုက်ပြီး

" ဒီလို အချစ်ရဲ့ ။ မောင့်မှာ မိဘတွေရှိနေပေမယ့်လည်း မောင် တစ်ခါမှ နွေးထွေးမှုကို မခံစားခဲ့ရဘူး ။ သူတို့က မောင့်ကို ဂရုလည်းမစိုက်ကြသလို မောင့်ကိုစိတ်လည်းမပူကြဘူး "

 စိန်ပန်းနီနီ မောင့်ကိုတည် (Completed)Where stories live. Discover now