Unicode
မင်းဓနရှိန်တစ်ယောက် ခက်ရောင်ခြည်အား ပွေ့ချီလာကာ အိမ်ဝိုင်းထဲကိုသာ ဦးတည်လို့ပြေးနေလေသည် ။ ထိုကောင်လေးငယ်ကို ချီထားရင်းသတိမမေ့သွားစေရန် အလို့ငှာ မင်းဓနရှိန်တစ်ယောက် စကားတွေပြောနေပေမယ့်လည်း ရင်ဘတ်ထဲမှာတော့ အလွန်ပင် ပူပန်လို့နေလေပြီဖြစ်လေသည် ။
" ခက် အချစ်ရေ အချစ်ဘာမှမဖြစ်ဘူးသိလား
မောင် အချစ်ကို ဘာမှဖြစ်ဖို့မပေးဘူးသိလား အချစ် စိတ်ချနော် "
အိမ်ဝိုင်းထဲသို့ပြေးကာဝင်လာပြီး ခုံတန်းရှည်ပေါ်မှ ခက်ကိုတင်လေတော့ အိမ်ဝိုင်းထဲမှာ လူအများက စုဝေးကာ ရပ်နေကြလေသည် ။ ဦးသာလွန်းကတော့ အမြန်ပင် တပည့်တစ်ယောက်အား ဆေးဆရာကိုခေါ်ခိုင်းပြီးသည်နှင်တစ်ပြိုင်နက် ခက်ဘေးနား ဒူးထောက်ထိုင်လေကာ
" သားခက် အဘရှိတယ်နော်... "
ထိုစကားတစ်ခွန်းသာပြောပြီး ခက်ရောင်ခြည်၏ ဘေးမှာ ဒူးထောက်ထိုင်ရင်း တစုံတစ်ခုကိုတွေးတောနေလေသည် ။
အချိန်အနည်းငယ်အတွင်းမှာပင် ဆေးဆရာက အနာသန့်ရှင်းရေးလုပ်ကာ လိုအပ်သည်များ တိုက်သွားသည်ဖြစ်သောကြောင့် ခက်ရောင်ခြည်တစ်ယောက် တဖြေးဖြေးနဲ့အားပြုကာ လေးလံသော မျက်ဝန်းတွေကို ဖွင့်ရန်ကြိုးစားနေလေသည် ။
" ဓားအချွန်က နှလုံးတည့်တည့်ကိုမစိုက်ပဲ လက်မောင်းကိုစိုက်သွားတဲ့အတွက် သိပ်ကံကောင်းတာပဲဗျ ။ မဟုတ်ရင်တော့ အမောင်ခက်ကို ကယ်နိုင်မယ် မထင်ဘူးဗျာ "
ဆေးဆရာ ပြောသွာသည့် စကားက အိမ်ဝိုင်းထဲမှာ ရှိသည့် လူတိုင်းလူတိုင်း၏ နားတွင် ပဲ့တင်သံထပ်လို့နေလေသည် ။
ဖိုးကျော်ဆိုသည့်သူအား ထိပ်တုံးခတ်ထားလိုက်ပြီး ကျန်သူများကတော့ ခက်ရောင်ခြည်အနားမှာ ဝိုင်းဖွဲ့နေကြသည်မှာ ဒေါိခင်မေနှင့် မိနန်းပါ အပါဖြစ်လေသည် ။
" တောက်.... ''
မင်းဓနရှိန်တစ်ယောက် ခက်ရောင်ခြည်၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသော်လည်း ဒေါသကြောင့် မျက်ဝန်းတွေပင်ရဲတောက်လို့နေလေပြီဖြစ်လေသည် ။ ခက် ၏ လက်ကို ဖြုတ်ကာ ဖိုးကျော်ဆီလျှောက်လှမ်းရန် ကြံလေတော့ ခက်၏လက်က တစ်ဖန်ပြန်ကာ ဆုပ်ကိုင်လာလေပြီး
ВЫ ЧИТАЕТЕ
စိန်ပန်းနီနီ မောင့်ကိုတည် (Completed)
Любовные романыမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts
