Part (34)

727 6 1
                                        

Unicode
'' အမောင် ဓန ကျုပ်လည်းလိုက်ခဲ့မယ်နော် "
ပျော်မြူးစွာနှင့် အနောက်ပါးကနေ အသံထွက်လာသော ကျော်လွင်အားကြည့်ပြီး မင်းဓနရှိန်က ချက်ချင်းပင်စတင်ကာ

'' ဖိုးမူပါရင် ကျူပ်သေချာပေါက်ခေါ်သွားပါတယ် ။ အခု ဖိုးမူလည်းမပါတော့ ခင်ဗျားနေခဲ့လိုက်တော့''

ဖိုးမူနှင့် အစခံလိုက်ရသောကြောင့်ကျော်လွင်၏မျက်နှာကြီး မဲလို့သွားလေသည် ။
မင်းဓနရှိန်၏ ကျော်လွင့်အား စနောက်ပြီး တက်ကြွစွာနှင့်ပင် ခက်ရောင်ခြည်၏ လက်ကလေးကို ဆွဲကာ ရွာရိုးတစ်လျှောက် တူနှစ်ကိုယ်ယှဥ်ကာ သွားနေကြလေသည် ။

ရှက်တတ်လွန်းသည့်ကောင်လေးက ခုတော့တိုင် မည်သည်ကိုမှ ဂရုမစိုက်အားတော့ပဲ

'' မောင့်ကိုကျေးဇူးတင်တယ်နော် "

ချိုမြမြအသံလေး၏နောက်တွင်ကပ်ပါလာသော ကျေးဇူးတင်စကားကြောင့် မင်းဓနရှိန်တစ်ယောက် မျက်ခုံးပင့်ကာ

'' ဘာတွေကျေးဇူးတင်နေတာလဲ အချစ်ရဲ့ ''

လက်ကလေးကို ဖွဖွလေး တို့ထိပြီးမေးလေတော့ ကောင်ငယ်လေးက ချိုမြိန်သော အပြုံးလေးကိုပန်ဆင်ကာ

'' ကျွန်တော့်ကိုဒီလိုမိသားစုလေးပေးလို့လေ မောင် ။
မိသားစုဆိုတာဘာလဲဘယ်လိုလဲဆိုတာ ကျွန်တော် တစ်ခါမှ မခံစားခဲ့ရဖူး ။ အဘနဲ့ဖိုးမူကလွဲပြီး ကျွန်တော့်အနားမှာ ဘယ်သူမှမရှိပေးခဲ့ဘူး ။ မောင် ကျွန်တော့်အနား ရောက်ပြီးမှသာ အရာရာဟာ ပြီးပြည့်စုံသွားခဲ့တာ ။ ဒါကြောင့် ကျေးဇူးတင်တယ် မောင် "

ခက်ရောင်ခြည်၏ စကားအဆုံး မင်းဓနရှိန်က နဖူးပြင်လေးကို နှုတ်ခမ်းနဲ့ထိတွေ့လိုက်လေသည် ။ စိန်ပန်းပင်ကြီး၏ အောက်တွင် တစ်ယောက်ကိုတစ်ယောက် ကျစ်ကျစ်ပါအောက် ဖက်ထားကြသော ကောင်လေးနှစ်ယောက်ရှိပေသည် ။

'' ယောင်္ကျားချင်းကို ဖြစ်နေလိုက်ကြတာ ထွီ... ''

ဘေးနားကနေ ပြောသွားသော မိန်းမကြီးကြောင့် မင်းဓနရှိန်နှင့် ခက်ရောင်ခြည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး မင်းဓနရှိန်က ထိုမိန်းမဆီသွားဖို့လုပ်နေချိန် ခက်ရောင်ခြည်က အနောက်ကနေ လက်ကို ဆွဲကာ

 စိန်ပန်းနီနီ မောင့်ကိုတည် (Completed)Where stories live. Discover now