Unicode
Unicode
'' ကျုပ် ခင်ဗျားနဲ့ တူတူ မအိပ်နိုင်ဘူး ဖိုးမူ "
အိမ်ဝိုင်းထဲ ဝင်နေရင်းနဲ့ ထွက်ပေါ်လာသော ကျော်လွင်၏ စကားကြောင့် ဖိုးမူမှာ ပေစောင်းစောင်းကြည့်လေရင်းနှင့်
'' အောင်မငေး ကျူပ်က ခင်ဗျားနှင့် အိပ်ချင်သပ ဖြစ်နေတယ်ဆိုတော့ အားကြီးကြီး "
ဆူပုတ်ပုတ်ဖြစ် တွန်းတိုက်ဝင်ရင်းကနေ ဖိုးမူက မိမိအိပ်ယာမိမိသွား၍ အိပ်ဖို့လုပ်နေသောအခါ ကျော်လွင်က အတင်းတ်ိုးကာ ဝင်ထိုင်ရင်း
'' ခင်ဗျား ဟိုဘက်တိုး အလယ်မှာ စောင်ကို စည်းအဖြစ်ထားမယ် ။ ကျုပ်ဘက်နည်းနည်းလေးမဆို တိုးရဲတိုးလာကြည့် "
အံကြိတ်ကာပြောနေသည့် ကျော်လွင့်၏ အသံကြားပြီး ဖိုးမူမှာတော့ ရယ်ရခက် ငိုရခက်မယ်
'' အောင်မယ် ခင်ဗျားကပဲ ပြောရတယ် ရှိသေး ။ ဒါ ကျုပ်ပိုင်နက်လေ ။ ခင်ဗျားဘက်တိုးလာရုံတင်မကဘူး ။ ခင်ဗျားကို သတ်ပြီး ခွေးတွေကို စွတ်ပြုတ်လုပ်တိုက်လိုက်ရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူး ။ ဦးနှောက်မရှိပေမယ့် ဒါတော့ သဘောပေါက်မှာပါ ''
တလုံးတခဲကြီး ပြောချသော ဖိုးမူကြောင့် ကျော်လွင့်မှာ သောက်လက်စ ရေတောင် နင်သွားသလားအောက်မေ့ရတယ် ။ မျက်စောင်းတခဲခဲနှင့် မိန်းမလို မိန်းမရ အတိုင်း ရန်ဖြစ်နေသော ဖိုးမူကို စိတ်ရှိလက်ရှိ ထုသတ်လိုက်ချင်ပေမယ့်လည်း ကိုယ်က ပိုင်နက်ထဲ ရောက်နေတာကတကြောင်း ၊ တခုခုများထလုပ်လိုက်လျှင် မရှုမလှနှင့် နစ်နာသူဟာ ကိုယ်ဟာ ဖြစ်မယ်ဆိုတာ ကို အတွေးပေါက်လိုက်ပြီဖြစ်သောကြောင့် တိတ်တိတ်လေးသာ တစ်ဖက်သို့လှည့်အိပ်လိုက်ရလေသည် ။
စိတ်ထဲမှာတော့ ကျော်လွင့်ခမျာ မင်းဓနရှိန်ကိုအကြီးအကျယ် မေတ္တာပို့ပြီးဖြစ်လေသည် ။ ဒါဟာ သူ့ကြောင့် ၊ သူသာ အချစ်အချစ်နဲ့ အမွှန်မလွန်နေလျှင် ကိုယ်လည်း ကမ္ဘာ့အကြီးဆုံး ရန်သူရှေ့မှာ မခုတ်တတ်တဲ့ ကြောင်တစ်ကောင်လို နေရလိမ့်မည်မဟုတ်ပေ ။
အိမ်ဝိုင်း၏ အတွင်းတစ်နေရာမှာတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မည့်အစား ချီးကြည့်မည်ဟုဆုံးဖြတ်ထားလေသော လူနှစ်ဦးနှင့်
အိမ်ဝိုင်း၏ အပြင်ဘက် ကွပ်ပျစ်အထပ်မှာတော့ တစ်ဦးတစ်ယောက်က ပွေ့ဖက်ထားသလို အခြားတစ်ဦးကလည်း ရင်ခွင်ထဲမှာ မြှပ်လို့နေသည့် ကြည်နူးစရာမြင်ကွင်းကို မြင်ရလိမ့်မည်ဖြစ်ပေသည် ။
ВЫ ЧИТАЕТЕ
စိန်ပန်းနီနီ မောင့်ကိုတည် (Completed)
Любовные романыမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts
