Part - 21

8 2 0
                                    

unicode

အပိုင်း (၂၁)

အချစ်..။ အချစ်ကို အမြဲ ပျော်ရွှင်မှုတွေချည်းပဲ ဟူ၍ ပုံသေ တွေးထား၍ မရပေ။ တစ်ခါတစ်ရံမှာ ဝမ်းနည်းမှုတွေလည်း ကြုံတွေ့ရနိုင်ပေသေးသည်။ အခုတော့ အချစ်နဲ့ ထိတွေ့မိသူတိုင်း ပျော်ရွှင်နေကြရတာ။ အခု သူငယ်ချင်း စုံတွဲတွေ အားလုံး ကမ်းခြေကို ရောက်နေကြတာ။ အခု မိုးချုပ်နေသော်လည်း ကမ်းခြေ၏ သဲသောင်ပြင်မှာ မီးဖိုကြီး တစ်ခု ဖို၍ မီးပုံပွဲလို သူတို့ ပျော်နေကြတာ။ ဂီတာ တီးသူကတီး ၊ အကင်နဲ့ တစ်ခြားသောက်စရာရှိတာကို သောက်သူက သောက်နဲ့ ပျော်နေကြတာ။

ဒီလို ပျော်ပါးလာတာ နှစ်တွေ အတော်ကြာပြီး သုံးနှစ်ခန့်အကြာမှာ အပ်စ် ၊ မစ် ၊ ပီလန် ၊ တွန် ၊ ကွန်း ၊ ဆန်း ၊ နမ် ၊ မနောင်း ၊ လီမွန် တို့ သူငယ်ချင်းတွေအားလုံး ဘွဲ့ကိုယ်စီ ရရှိခဲ့လေပြီ။ သူတို့ ဘွဲ့ဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်နေကြတာ ပျော်ဖို့ကောင်းနေလေသည်။ ဘွဲ့ရပြီးတော့လည်း ဝါသနာပါရာ အလုပ်ကို သူတို့ စတင်လုပ်နေကြပြီ။ အပ်စ်နဲ့ကွန်းက အပ်စ်ရဲ့ လက်ဖက်ရည် အဖျော်ရည်မျိုးစုံနဲ့ စားဖွယ်ရာ ကိတ်မျိုးစုံရသည့် Cafe ဆိုင်လေးမှာ အလုပ်လုပ်နေကြတာ။

မစ်ကလည်း သူ့အဖေရဲ့ ကုမ္ပဏီမှာ ဒါရိုက်တာ အဖြစ်နဲ့ ဝင်ရောက် အလုပ်လုပ်နေတာ။ အရင်က မစ်က

ဝါသနာမပါဘူး။ သူ့အဖေကို မုန်းသည်။ အခုတော့ ထိုကဲ့သို့ မဟုတ်။ သူ့အဖေရဲ့ မေတ္တာကို နားလည်သည်။ မိထွေးဖြစ်သည့် ဒေါ်ဝါကိုလည်း မိခင်လို သဘောထား ရိုသေတတ်လာခဲ့လေပြီ။ အခု မစ်က ကုမ္ပဏီမှာ ဒါရိုက်တာတောင် လုပ်နေပြီ။

ပီလန်နဲ့တွန်ကလည်း သူတို့ငယ်ကတည်းက ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို လုပ်နေကြပြီ။ ကြော်ငြာရိုက်တာတွေ ရှူတင်ရိုက်တာတွေလည်း ရှိလာလေပြီ။ လီမွန်နဲ့ မနောင်းလည်း ထိုကဲ့သို့ပင်။ တစ်ခြားသူတွေကလည်း ဝါသနာပါရာ အလုပ်ကိုယ်စီနဲ့ ဖြစ်နေလေတော့သည်။

မစ်က ပြောင်းလဲနေပြီ ဆိုပေမယ့် ဝီစကီကြိုက်သူမို့ ကုမ္ပဏီကအပြန် သူငယ်ချင်းတွေနဲ့ ကလပ်သွားဖို့ ချိန်းလိုက်ကြတာ။ မစ်က အနောက်တိုင်း ဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ထားပြီး အင်္ကျီအတွင်း အိတ်ထဲမှ ဖုန်းကို ထုတ်ကာ..

Connection to LoveWhere stories live. Discover now