Part - 6

286 7 1
                                    

unicode

အပိုင်း (၆)

အတိတ်က..။ အတိတ်က..။ တော်တော်ကို အတိတ်က ဝမ်းနည်းစရာကောင်းလွန်းနေတာ။ အတိတ်က အကြောင်းအရာတွေကို မေ့ပစ်ထားပေမယ့် တိုက်ဆိုင်မှုကြောင့် ဖြစ်စေ အထီးကျန်မှုကြောင့် ဖြစ်စေ ပြန်ပြီး အမှတ်ရစေလေသည်။ တွန်က ဂျင်ဟာ သူ့ကို ချစ်နေတယ်ဆိုတာ သိပြီး ဂျင်က သူ့အချစ်ကို အလေးအနက်မထားဘဲ ပေါ့ပေါ့တန်တန် ထားနေသည်မို့ အတိတ်ကို သတိရမိလေသည်။

တွန်က သရုပ်ဆောင်ကို တော်တော် ရူးသွပ်တာ။ ဒါကြောင့်လည်း အနုပညာဌာနကို လျှောက်ခဲ့တာ။ တွန် အထက်တန်းကျောင်းပြီး​တော့ အနုပညာကျောင်းတက်ဖို့ သူ၏မိဘတွေကို ပြောပြလာလေသည်။ သို့ပေမယ့် သူ၏အဖေက လက်မခံခဲ့။ ပြီးတော့ တွန်က ဂေးလိုနေတယ်ဆိုတာ သူ၏အခန်းထဲမှ တော်တော်များများကပ်ထားသည့်ပုံတွေက ယောက်ျားလေးသရုပ်ဆောင် တော်တော်များများ၏ပုံတွေဖြစ်နေသည်ကို မြင်ပြီး သိသွားလေသည်။

" လက်မခံဘူး.. သရုပ်ဆောင် လုပ်ငန်းဆိုတာ...
ဘယ်လောက်ထိ ထိန်းထိန်းသိမ်းသိမ်း
နေရလဲဆိုတာ သိလား ပြီးတော့ သတင်းမီဒီယာ
သမားတွေ ကိုယ့်ရဲ့ ပိရိတ်သတ်နဲ့ ကိုယ့်ကို မလိုလား
တဲ့လူတွေ ဒီလိုမျိုး ပြဿနာတွေ တစ်ခုခု ဖြစ်
လာရင် မင်း ဘယ်လို ဖြေရှင်းမလဲ ခံနိုင်ရည်ကော ရှိ
ပါ့မလား.. ပြီးတော့ မင်း ဂေးလိုနေတာလည်း
အဖေ လက်မခံဘူး.. ''

တွန်၏ အဖေက မတ်တပ်ရပ်လျက် ဆိုဖာတွင် ထိုင်နေသည့် တွန်ကို ဆူငှေါက်နေလေသည်။ တွန်ကလည်း သူ၏လွတ်လပ်ခွင့်ကို ထိပါးလာသလို ခံစားရသမို့ ထိုင်နေရာမှ သူ၏အဖေ စကားအဆုံးမှာ ထရပ်လိုက်ပြီး...

" အဖေ.. သားဘဝကို သား
ကြိုက်သလို ဖန်တီးခွင့်ပေးပါ.. သား ဒီလိုပဲ
နေချင်လို့ပါ.. ကျန်တာအားလုံးကို အဖေ
ကြိုက်သလို စီစဉ်နိုင်တယ်..ဒါပေမယ့်
သားဘဝအမှန်ကိုတော့ သားဘာသာ စိတ်ကြိုက် ရွေးချယ်ခွင့်ပေးပါ.. ''

တွန် ထိုသို့ ဝမ်းနည်းစွာ ပြောနေသည်ကို တွန်၏အမေက ဘေးကနေကြည့်နေရုံမှ ဘာမှ ပြောခွင့်မရှိ။ သူ၏အမေ ရင်ထဲမှာ အားလုံးကို အဆင်ပြေပြေ ဖြစ်စေချင်သည်ပဲ ရှိချေသည်။ သူ၏အစ်မကလည်း သူ့အတွက် တော်တော်လေး စိတ်မကောင်း ဖြစ်နေတာ ဖြစ်လေသည်။

Connection to LoveWhere stories live. Discover now